Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ သွားရောက်
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံထိပ်သီးအစည်းအ ဝေး တက်ရောက်ရန် ယနေ့ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇွန် ၂၂ ရက်မှ ဇွန် ၂၃ ရက်အထိ ကျင်းပပြုလုပ်မည့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့ ၁၂နာရီ ၄၅ မိနစ်အချိန်တွင် နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို့သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။(Xinhua)