Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆောင်ရွက်လျက်ရှိ

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူများမဲပေးရန် တန်းစီနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲစာရင်းကောက်ယူပြုစုသွားမည့် အခြေအနေ၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့် ခိုင်မာအားကောင်းစွာ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးပြည့်စုံသည့် မဲစာရင်းရရှိရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများ နှင့် ပူးပေါင်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

စီမံချက်အရ ၂၀၁၉ ခုနှစ် ဇွန်လ တတိယပတ်က စတင်ပြီး လူဦးရေစာရင်း နှင့် အချက်အလက်များ ကောက်ယူပြုစုခြင်း၊ ကောက်ယူပြုစုပြီးသည့် လူဦးရေစာရင်းနှင့် အချက်အလက်များအရ လိုအပ်သည့် အချက်အလက်များကို စိစစ်ခြင်း၊ စိစစ်ပြီးသည့် အချက်အလက်များအား မဲဆန္ဒရှင်စာရင်းအဖြစ် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ ကူးပြောင်းပြုစုခြင်း၊ ပြုစုပြီးတဲ့ မဲဆန္ဒရှင်စာရင်းများအား ကော်မရှင်၏ ညွှန်ကြားချက်နှင့် အညီ အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းများအားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းကောက်ယူရာတွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းချက်ပါ မဲဆန္ဒနယ်တစ်နယ်မှာ နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်များ ရွှေ့ပြောင်း လုပ်သားများအပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ တိုင်းကို ကောက်ယူပြုစုမည်ဟု သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂) တွင်လည်း ပြည်သူလူထုအား မဲဆန္ဒရှင်အသိပညာပေးခြင်း ခေါင်းစဉ်နှင့် အခန်းကဏ္ဍတစ်ရပ် ထည့်သွင်းရေးဆွဲထားကြောင်း၊ ထိုသို့ထည့်သွင်း ရေးဆွဲပြီး ပိုမို၍ ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လျာထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်တွင် ပါသည့် လုပ်ငန်းအစီအစဉ်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မဲစာရင်းကောက်ယူခြင်း၊ ပြုစုခြင်းလုပ်ငန်းများစတင်နေပြီဖြစ်ကာ ယခု ၂၀၁၉ ခုနှစ် ကို မဲစာရင်းပြုစုခြင်းနှစ်ဟု သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.