Connect with us

Education & Health

H1N1 ရောဂါပိုးကြောင့် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၂၁ ဦးထိရှိလာဟုဆို

လူစည်ကားသော နေရာများတွင် H1N1 ရောဂါပိုးကြောင့် maskတပ်ဆင်သွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

H1N1ရောဂါပိုးဖြစ်ပွားမှုမြင့်တက်သည့် မိုးဦးကျအတွင်း H1N1 ရောဂါပိုးကြောင့် တစ်နိုင်ငံလုံး၌ သေဆုံးသူ ၂၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ Influenza A(H1N1)pdm 09ကြောင့် နိုင်ငံတစ်ဝန်း၌ ဇူလိုင် ၁ ရက်ထိ သေဆုံးသူ ၂၁ ဦးထိရှိလာပြီး ရန်ကုန်တိုင်းဒေသကြီး၌ ၁၈ ဦး၊စစ်ကိုင်းတိုင်းဒေသကြီး၌ နှစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၌ တစ်ဦးတို့ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိတွင် ဆေးရုံတက်လူနာအနက် ရောဂါစစ်ဆေးသူ ၂၃၆ ဦးတွင် Influenza A(H1N1)pdm 09ပိုးတွေ့ရှိသူ ၉၉ဦး၊ Influenza A/H3တွေ့ရှိသူ ၈ ဦးရှိကြောင်း သိရသည်။

အဆိုပါ ရောဂါလက္ခဏာများသည် ဖျားခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊ချမ်းတုန်ဖျားခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်း

စသည့် လက္ခဏာများအပြင် အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.