Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီးတွင် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး တွင် ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး သို့မဟုတ် တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ခွေးရူးပြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အစီအစဉ်ရှိ၊ မရှိနှင့် ဆောင်ရွက်နေပါက သိရှိလိုကြောင်း၊ ပြည်သူလူထု သိရှိရန်အတွက် ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည့် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ခွေးရူးပြန်ရောဂါ ကာကွယ်ရေး လုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ခွေး (သို့မဟုတ်) တိရစ္ဆာန် အကိုက်ခံရသူ လူနာများအတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ရရှိစေရန်နှင့် အခမဲ့ထိုးနှံ ပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးပြတ်လပ်မှု မရှိစေရန်နှင့် အမှန်တကယ် လိုအပ်နေသော လူနာများအား ကာကွယ်ဆေးများ အချိန်မီ လုံလောက်စွာရရှိရန် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် (၂၀၁၉) ခုနှစ်၊ မေလ(၂၉)ရက်နေ့မှ စတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံးကြီး၊ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေဆေးရုံးကြီး၊ သင်္ဃန်းကျွန်း(စံပြ) အထွေထွေရောဂါကု ဆေးရုံများတွင် ခွေးကိုက်လူနာ ကုသမှုဌာန (Dog Bite Treatment Centre-DBTC) များကို စတင် ဖွင့်လှစ်ထားရှိ၍လည်း ကုသမှုပေးလျက် ရှိပါတယ်။” ဟု ဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

ပြည်သူလူထုသိရှိရန် ပညာပေးလုပ်ငန်းများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အင်တာနက်မျက်နှာ www.mohs.gov.mm, https://www.facebook.com/ Ministry of Health And Spots Myanmar နှင့် Myanmar CDC ၏ Facebook စာမျက်နှာမှ လည်းကောင်း၊ ကျန်းမာရေးဌာနများနှင့် ဆေးရုံကြီးများမှ လည်းကောင်း၊ အခါအခွင့်သင့်ပါက သတင်းစာ၊ ဂျာနယ်၊ ရုပ်သံမီဒီယာများမှ လည်းကောင်း ပညာပေးပြောကြားလျက် ရှိကြောင်း၊ ခွေးရူးရောဂါ၏ (၉၉) ရာခိုင်နှုန်းသည် ခွေးကိုက်ခံရခြင်းကြောင့် ဖြစ်ပြီး ခွေးကိုက်ခံရပြီး လက္ခဏာမပေါ်မီ အချိန်မီ ကာကွယ်ဆေးအား စနစ်တကျ အကြိမ်ပြည့်ထိုးနှံခြင်းဖြင့် (၁၀၀)ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း၊ ခွေးလေခွေးလွင့် များပြားလာမှုသည်လည်း အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဌာနများနှင့် ပြည်သူလူထု အနေဖြင့် ခွေးလေခွေးလွင့် များအား လျော့နည်းပပျောက် လာစေရေးနှင့် ခွေးမွေးမြူလိုပါက စနစ်တကျ ထိန်းသိမ်း မွေးမြူကြရေး အတွက် ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက ခွေးကိုက်လူနာများ အတွက် ခွေးရူးရောဂါ ကာကွယ်ဆေး ဝယ်ယူရသော ပြည်သူများ၏ ဘဏ္ဍာငွေများအား အခြားသော အကျိုးရှိမည့် ကဏ္ဍများတွင် အသုံးချနိုင်မည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.