Connect with us

Education & Health

အမျိုးသားကျန်းမာရေးမူဝါဒအသစ်ကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ရေးဆွဲမည်ဟု ပြည်ထောင်စုဝန်ကြီးဆို

အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပွဲကျင်းပစဉ်(ကျန်းမာရေး)

ရန်ကုန်၊အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

 

အမျိုးသား ကျန်းမာရေး မူဝါဒကို ၁၉၉၃ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ပြောင်းလဲ လာသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့် အခြားသော အခြေအနေ အရပ်ရပ်တို့နှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် အမျိုးသား ကျန်းမာရေး မူဝါဒအသစ်ကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ရေးဆွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အဆိုပါ မူဝါဒသစ်၌ မြန်မာနိုင်ငံ၏ ကျန်းမာရေး အခြေအနေအရပ်ရပ်ကို လေ့လာ ဆန်းစစ် သုံးသပ်ပြီး ရောဂါအမျိုးမျိုး ကာကွယ်ထိန်းချုပ်ရန် မဟာဗျူဟာများနှင့် နည်းဗျူဟာ များ၊ ရည်မှန်းချက်များ၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်း ရေရှည်တည့်တံ့ ခိုင်မြဲ တိုးတက်မှု ရှိစေရန် အတွက် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၊ ထောင်စုနှစ်ရည်မှန်းချက်များ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs)၊ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင် ရာ မျှော်မှန်းချက် (၂၀၃၀)၊ ဒေသဆိုင်ရာ နှင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး ရည်မှန်းချက်များနှင့် လိုက်လျောညီ ထွေဖြစ်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

 

 ထို့ပြင် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားနိုင်ငံများ၏ အမျိုးသား ကျန်းမာရေး မူဝါဒများကို လေ့လာရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ကျန်းမာရေး မူဝါဒအသစ်၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ မကူးစက်တက်သော ရောဂါ ကာကွယ်ကုသရေး၊ ကျောင်းကျန်းမာရေး၊ လူနာဘေးကင်းလုံခြုံမှုနှင့် လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ၊ အရည်သွေးပြည့်ဝ၍ ကျင့်ဝတ်နှင့် ညီသော ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ၊ ကျန်းမာရေး နှင့် ဆေးရုံသတင်း အချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး လုပ်ငန်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

 

အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးပွဲကို အောက်တိုဘာ ၁၈ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.