Connect with us

Education & Health

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၁၀ လအတွင်း သေဆုံးသူ ၁၁၆ ဦးထိ ရှိ

ရာသီတုပ်ကွေး H1N1 ရောဂါ ကူးစက်မှုမရှိစေရန် mask တပ်ဆင်သုံးစွဲသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင်  ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၁၀လတာကာလအတွင်း သေဆုံးသူ ၁၁၆ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ထုတ်ပြန်သော သတင်းအရ သိရသည်။

 တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါကြောင့် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက် အထိ ရာသီတုပ်ကွေးဖြစ်ပွားသူ ဦးရေမှာ ၇၇၈ ဦး ရှိရာ သေဆုံးသူ ၁၁၆ ဦးထိ ရှိလာပြီး ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၁,၉၀၆ ဦး ရှိကြောင်း သိရသည်။

 

သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၈ဦး ၊ နေပြည်တော်တွင် ၁ဦး၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၁၄ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၁ဦး၊ မကွေးတိုင်းဒေသကြီးတွင် ၄ ဦး၊မန္တလေးတိုင်းဒေသကြီးတွင် ၅ ဦး၊ မွန်ပြည်နယ်တွင် ၃ ဦးရှမ်းပြည်နယ်(တောင်ပိုင်း) ၁ ဦး၊ကချင်ပြည်နယ်တွင် ၁ဦး၊ တနင်္လာရီတိုင်းဒေသကြီး ၁ ဦးနှင့် ရခိုင်ပြည်နယ်တွင် ၂ဦးတို့ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ ဦးရေအများဆုံးဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် ဧရာဝတီတိုင်းဒေသကြီးနှင့် တတိယအများဆုံး ပဲခူးတိုင်းဒေသကြီး တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.