Connect with us

Education & Health

ပဋိဇီဝဆေးဝါးများ (Antibiotic) ကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးခြင်းများဖြစ်ပွားလျက်ရှိ 

ဆေးတစ်ချို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ပဋိဇီဝဆေးဝါးများ (Antibiotic) ကို စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးတော့သဖြင့် ရောဂါပျောက်ကင်းမှုမရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ဖြစ်ပွားနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပဋိဇီဝဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ ညွှန်းဆိုချက်အတိုင်း လိုက်နာ၍ သုံးစွဲသောက်သုံးရမည့် ပမာဏ၊ အကြိမ်အရေအတွက်နှင့် ကာလအတိုင်းသာ စနစ်တကျ သုံးစွဲသောက်သုံးရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပဋိဇီဝဆေးဝါးများနှင့် စတီးရိုက်ဆေးဝါးများကို ကျိုးကြောင်းဆီလျှော်မှု မရှိစွာဖြင့် ပမာဏအမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုးရောစပ်ကာ တာဝန်မဲ့စွာရောင်းချလျက်ရှိသော “စပ်ဆေး” များကြောင့်လည်း ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်ပွားကာ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးကူးစက်ပြန့်ပွားမှုပြဿနာများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ ခန်းကဏ္ဍသည်လည်း အရေးကြီးပြီး ၎င်းတို့အနေဖြင့် သတ်မှတ်ထားရှိသော လမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်နှင့် ရောင်းချရမည့်ဆေးဝါး (prescription drug) များ နှင့် ညွှန်ကြားချက်မပါဘဲ ရောင်းချနိုင်သည့် ဆေးဝါး (over-the-counter drug) များကို သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချရေးနှင့် စပ်ဆေးများ ရောင်းချမှုမရှိစေရေးတို့အတွက် အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်သူအားလုံးမှ အလေးထားကာ ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.