Connect with us

Africa & Middle East

အစ္စရေးကျောင်းသားများက ပျားမဘဲ ပျားရည်ထုတ်ယူ

ပန်းဝတ်ရည်စုပ်ယူနေသော ပျားတစ်ကောင်အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

အစ္စရေးကျောင်းသားများက မျိုးရိုးဗီဇပြုပြင်ဖန်တီးထားသော ဘက်တီးရီးယားများကို အသုံးပြု၍ ပျားလွတ်-ပျားရည် ထုတ်ယူရန် နည်းပညာသစ်ကို တီထွင်နိုင်ခဲ့ကြောင်း အစ္စရေးနည်းပညာသိပ္ပံက နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။

ပျားရည်ကို ဆေးဝါးလုပ်ငန်း ၊ အလှကုန်ပစ္စည်းလုပ်ငန်း နှင့် စားသောက်ကုန်စည် လုပ်ငန်းများတွင် တွင်တွင်ကျယ်ကျယ် အသုံး ပြုလျက်ရှိကြောင်း ၊  ပျားရည်ဈေးကွက်ကျယ်ပြန့်လာသည်နှင့်အမျှ ပျားကောင်များ နှင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်လာကြောင်း နှင့် ကမာ္ဘပေါ်တွင် ပျားကောင်ရေ လျော့ကျလာကြောင်း ၎င်းက ဆိုသည်။

ပျားမဘဲ ပျားရည်ထုတ်ယူမှု (ပျားလွတ်-ပျားရည်) ကို bacillus subtilis ဘက်တီးရီးယားမှ ထုတ်ယူခြင်းဖြစ်ကြောင်း၊ ယင်းကို သိပ္ပံဓါတ်ခွဲ ခန်းတွင် စမ်းသပ်အောင်မြင်ခဲ့ကြောင်း Haifa အခြေစိုက် နည်းပညာသိပ္ပံက ပြောကြားခဲ့သည်။

သဘာဝပျားရည်ကို  ပျားကောင်များက ပန်းဝတ်ရည်များအား လိုက်လံစုပ်ယူ စုဆောင်းရာမှ တစ်ဆင့် ထုတ်လုပ်ခြင်းဖြစ်ကြောင်း နှင့် ယခု ပျားလွတ်-ပျားရည်သည် ဘက်တီးရီးယားပိုးမွှားများကို အဆင့်ဆင့် ပြုပြင်ဖန်းတီးပြီး  နောက်ဆုံးအဆင့် ဆေးတောင့်အလွတ်(capsules) များကို အသုံးပြု၍ ထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးကျောင်းသားများက ပျားလွတ်-ပျားရည် ထုတ်ယူရန် လိုအပ်သော ဓါတုဆေးရည်ပေါင်းစပ်ပုံ အဆင့်ဆင့်ကိုလည်း ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ 

“ ကျွန်တော်တို့ရဲ့ ပျားလွတ်-ပျားရည် ထုတ်လုပ်မှုဟာ ပျားကောင်လေးတွေကို ထိခိုက်မှု မရှိစေဘဲ ပျားရည်ထုတ်လုပ်မှု နယ်ပယ်သစ်ကို ဖွင့်ဟနိုင်တော့မှာပါ၊ အဲဒီပျားရည်တွေကို အစားအစာ နဲ့ဆေးဝါး နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်’ ဟု ၎င်း ကျောင်းသားများက ဆိုသည်။(Xinhua)