Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံတွင် မြေပြိုကျမှုကြောင့် သေဆုံးသူများအတွက် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာ

ကင်မရွန်းနိုင်ငံ Gouatchie 4 ရပ်ကွက်တွင် မြေပြိုကျမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

YAOUNDE ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

ကင်မရွန်နိုင်ငံ သမ္မတ ပေါလ်ဘီယာ (Paul Biya) က နိုင်ငံအနောက်ပိုင်း Bafoussam မြို့တွင် လွန်ခဲ့သည့် သီတင်းပတ်က မြေပြိုကျမှုကြောင့် သေဆုံးခဲ့ရသူ ၄၃ ဦးအား ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာ ၉ ရက်နေ့ကို နိုင်ငံတော် ကြေကွဲဝမ်းနည်းဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၈ ရက်၌ ကြေညာခဲ့သည်။

“နိုင်ငံတစ်ဝန်းနဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှာ အလံတိုင်တစ်ဝက် လွှင့်ထူထားမှာဖြစ်ပါတယ်” ဟု ဘီယာက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

Bafoussam မြို့ Gouatchie 4 ရပ်ကွက်တွင် အောက်တိုဘာ ၂၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၄၃ ဦး သေဆုံးကာ မိသားစု ၁၅၀ ကျော် ထိခိုက်ခဲ့ပြီး အခြားလူများစွာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)