Connect with us

Sport

အိန္ဒိယနိုင်ငံတွင် ကျင်းပလျက်ရှိသည့် INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019 ၏ ပထမပွဲစဉ်တွင် သက်ထားသူဇာအနိုင်ရရှိ

သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ FB)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

 

အိန္ဒိယနိုင်ငံတွင် ကျင်းပလျက်ရှိသည့် INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲ၏ ပထမပွဲ စဉ်(Round 1) ၌ မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာက အိန္ဒိယကြက်တောင် အားကစားမယ် IRA SHARMA အား ၂-၁ ဖြင့်အနိုင်ရရှိခဲ့သည်။

ပထမအဆင့်ပြိုင်ပွဲ တွင် အနိုင်ရရှိခဲ့သည့် အတွက် သက်ထားသူဇာသည် ဒုတိယအဆင့် (Round 2) ကိုတက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ရက်တွင်  Round 2 ကိုလည်း India ကစားသမားတစ်ဦးဖြစ်သည့် Tanvi Lad နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ပထမပွဲစဉ်ယှဉ်ပြိုင်ပြီးနောက် အမှတ်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ– သက်ထားသူဇာFB) 

ပြိုင်ပွဲ ယှဉ်ပြိုင်မှုကို  Youtube လင့် https://www.youtube.com/channel/UC6z1-LPP4c2p4sqgtzLRc3w ၌ တင်ထားပေးမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.