Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်း တာဂျစ်ကစ္စတန် လက်ရွေးစင်ဘောလုံးအသင်း ကို လေးဂိုး-သုံးဂိုး ဖြင့် အနိုင်ရရှိ

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--မြန်မာ့အလင်း)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် 

တာဂျစ်ကစ္စတန်အသင်းတို့ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက တာဂျစ်ကစ္စတန်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

နည်းပြအပြောင်းအလဲတွင် မြန်မာ့ လက်ရွေးစင်အသင်း ရလဒ်ကောင်းနေ ပြီး နီပေါနှင့် ခြေစမ်းပွဲတွင် ဂိုးပြတ် အနိုင်ရပြီးနောက် တာဂျစ်ကစ္စတန်ကို အိမ်ကွင်း၌ အနိုင်ယူကာ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ မြန်မာအသင်းအနေ ဖြင့် ယခုပွဲတွင် ပေးဂိုးသုံးဂိုးရှိခဲ့သော် လည်း ကစားသွားသည့် ခြေစွမ်း၊ တိုက်စစ်ကစားပုံနှင့် ကစားသမားများ ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုရမည်ဖြစ်သည်။ 

ပွဲအစ ၁၀ မိနစ်တွင် မြန်မာအသင်း ဂိုးစရခဲ့ပြီး မောင်မောင်လွင်၏ ဖြတ်တင်ဘောကို ဆွမ်လမန်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး တိုက်စစ်အားပြု ကစားခဲ့သောကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့ပြီး ၃၅ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီပေးခဲ့ရပြီး ဒီရှာလိုလော့ဗ်က တာဂျစ်ကစ္စတန်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ မြန်မာအသင်းသည် ဂိုးပြန်ပေးလိုက်ရသော်လည်း ကစားကွက်ပျက်မသွားဘဲ တိုက်စစ်ဆင်ကစားရာ မိနစ် ၄၀ တွင် ဆွမ်လမန်ကပင် ဒုတိယဂိုးထပ်သွင်းခဲ့သည်။ လှိုင်းဘိုဘို၏ ကန်သွင်းချက် ပြန်လျှံထွက်လာသော ဘောလုံးကို ဆွမ်လမန်က ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။

စိတ်လှုပ်ရှားစရာ

ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများပြောင်းလဲခဲ့ပြီး နှစ်သင်းစလုံး၏ အပြန် အလှန်သွင်းဂိုးများနှင့် တိုက်စစ်ဆင်မှုများကြောင့် ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။ ၄၈ မိနစ်တွင် အောင်သူက မြန်မာအသင်းအတွက် တတိယဂိုးထပ်သွင်းသော်လည်း ၅၆ မိနစ်တွင် ဖာ့ခ်ဟိုက တာဂျစ်ကစ္စတန်အသင်းအတွက် ဒုတိယဂိုးပြန်သွင်းခဲ့သည်။ ၆၂ မိနစ်တွင် တောင်ပံကစားသမား မောင်မောင်လွင်က မြန်မာအသင်းအတွက် စတုတ္ထဂိုးသွင်းယူသော်လည်း၇၆ မိနစ်တွင် ဒီရှာလို လော့ဗ်၏ ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရသောကြောင့် လေးဂိုး-သုံးဂိုးဖြစ်သွားပြီး လက်ကျန်မိနစ် များတွင် စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု(F) အခြားပွဲတွင် ဂျပန်အသင်းက ကာဂျစ္စတန်အသင်းကို အဝေးကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယင်းအုပ်စုတွင် ဂျပန်အသင်းက ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်အသင်းက ခြောက်မှတ်စီ၊ မွန်ဂိုလီး ယားနှင့် မြန်မာအသင်းက သုံးမှတ်စီ ရရှိထားသည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် အိမ်ကွင်းပွဲ ထပ်မံကစားရမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတတွင်ပါရှိသည်။   (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.