Connect with us

Sport

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ ကွာတားဖိုင်နယ်တက်ရောက်

သက်ထားသူဇာအားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာfacebook)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် ကျင်းပလျက်ရှိသည့် INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲ၏ ဒုတိယပွဲ စဉ်(Round 2) ၌ မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာက အိန္ဒိယကြက်တောင် အားကစားမယ် Tanvi LADကိုနှစ်ပွဲပြတ်ဖြင့်နိုင်ကာ ကွာတားဖိုင်နယ်တက်သွားခဲ့ကြောင်း သိရသည်။

သက်ထားသူဇာ အနိုင်ရရှိမှုပြရမှတ်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ– သက်ထားသူဇာfacebook)

အဆိုပါ ကွာတားဖိုင်နယ်ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် Thaiကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြိုင်ပွဲ Video များအားပွဲအပြီးတွင် သက်ထားသူဇာ ၏ Youtube Channel တွင်တင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)