Africa & Middle East
တောင်အာဖရိကနိုင်ငံ တောင်ပိုင်းပင်လယ်ပြင်တွင် တရုတ်-ရုရှား-တောင်အာဖရိက သုံးနိုင်ငံ ပူးပေါင်း ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်
ကိပ်တောင်း၊နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)
တရုတ်-ရုရှား-တောင်အာဖရိက သုံးနိုင်ငံပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ သုံးနိုင်ငံ သက်ဆိုင်ရာ ရေတပ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံရေတပ်သင်္ဘော ရောက်ရှိလာသည်ကို ကြိုဆိုကြစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံရေတပ်သင်္ဘော ရောက်ရှိလာသည်ကို ကြိုဆိုကြစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၄ ရက်က ရုရှားရေတပ်သင်္ဘော ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ကိပ်တောင်းဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၄ ရက်က ရုရှားရေတပ်သင်္ဘော ရောက်ရှိလာသည်ကို တွေ့ရစဉ်(ဆင်ဟွာ)
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက် အထိ တောင်အာဖရိကနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ရေကြောင်း စီးပွားလုံခြုံရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သောနိုင်ငံရေတပ်များအကြား ကောင်းမွန်သောဆက်ဆံရေးထိန်းသိမ်းရေးများ အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)