ဒါကာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ) COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
ကိပ်တောင်း၊နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်-ရုရှား-တောင်အာဖရိက သုံးနိုင်ငံပူးတွဲ ရေကြောင်းစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ သုံးနိုင်ငံ သက်ဆိုင်ရာ ရေတပ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။