Connect with us

Asia

ဩစတြေးလျ နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ကမ္ဘာ့အန္တရာယ် အရှိဆုံး ပင့်ကူများ ထွက်ပေါ်လာခြင်းကို သတိပေးချက် ထုတ်ပြန် 

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ - Australian Reptile Park)

ဆစ်ဒနီ ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဩစတြေးလျ နိုင်ငံ၌ မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ပြင်းထန်သည့် မုန်တိုင်း တိုက်ခတ်ခြင်းများ နှင့် အတူ တွားသွား တိရစ္ဆာန်များ အတွက် ပြီးပြည့်စုံသော အခြေအနေကို ဖန်တီး ပေးနေခဲ့ရာ ကမ္ဘာ့ အန္တရာယ် အရှိဆုံး ပင့်ကူများ မြေအောက်မှ ထွက်ပေါ်လာခဲ့ကြောင်း တိရိစ္ဆာန်ရေးရာ ကျွမ်းကျင် ပညာရှင်များက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပင့်ကူများသည် ဩစတြေးလျ နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းတွင် အဓိက ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး အဆိုပါ funnel-web ပင့်ကူများသည် အေးခဲ ၊ စိုစွတ်မှုကို နှစ်သက်ကြောင်း ၊ မြေအောက်တွင်းများရှိ သစ်လုံးများ နှင့် ကျောက်တုံး များ အောက် တွင် မကြာခဏ ပုန်းနေလေ့ ရှိကြောင်း သိရသည်။

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ – Australian Reptile Park) 

ဩစတြေးလျ funnel-web ပင့်ကူအား တွေ့ရစဉ်(ဓာတ်ပုံ – Australian Reptile Park) 

ဩစတြေးလျ နိုင်ငံ တွားသွား တိရစ္ဆာန် ဥယျာဉ်မှ တွားသွား တိရိစ္ဆာန် နှင့် ပင့်ကူ ထိန်းသိမ်း စောင့်ရှောက်သူ Jake Meney ၏ ပြောကြားချက် အရ ခြေထောက်ရှစ်ချောင်းပါ ပင့်ကူများအား တစ်ခါတစ်ရံတွင် လူနေအိမ်များ အတွင်း တွေ့ရှိ နိုင်ပြီး  အများအားဖြင့် အဝတ်လျှော်ခန်း ၊ ကားဂိုဒေါင် သို့မဟုတ် လူစိမ်းများ၏ ဖိနပ်တို့တွင် တွေ့ရှိနိုင်ကြောင်းလည်း သိရသည်။

“ပြည်သူတွေ အနေနဲ့ funnel-web ပင့်ကူတွေကို တွေ့ကြုံရတဲ့ အခါမှာ နိုးနိုးကြားကြားနဲ့ သတိရှိဖို့ ၊ ဂရုစိုက်ဖို့ လိုပါတယ်။”ဟု ၎င်းက ပြောသည်။

“ဒီစနေ ၊ တနင်္ဂနွေမှာ ရွာခဲ့တဲ့ မိုးက စိုထိုင်းတဲ့ အခြေအနေ ဖြစ်ပေါ်ပြီးတော့ funnel-web ပင့်ကူတွေ ရှင်သန် ပေါက်ဖွား စေပါတယ်။”ဟု Jake Meney က ဖြည့်စွက် ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အဆိပ်ပြင်း ရှိသည့် မည်သည့် ပင့်ကူ အမျိုးအစားမဆို လူတစ်ယောက်အား တစ်ကြိမ် ကိုက်မိပြီးပါက ၁၅ မိနစ် အတွင်း ထိုလူမှာ သေဆုံးနိုင်ကြောင်း သိရသည်။

သို့သော် ခေတ်မီ ဆေးဘက်ဆိုင်ရာ နည်းပညာများ၏ အကျိုးကျေးဇူးကြောင့်  အဆိပ်ဖြေဆေးကို စတင် မိတ်ဆက်ပြီးချိန် ကတည်းက သေဆုံးမှုများ မရှိတော့ကြောင်း သိရသည်။

သေစေနိုင်သော ပင့်ကူများ ဘေးပတ်ဝန်းကျင်၌ ရှိနေသည် ဆိုသည့် အတွေးများက ဩစတေးလျ နိုင်ငံရှိ ပြည်သူများ အတွက် ထိတ်လန့် တုန်လှုပ် ဖွယ်ရာ ဖြစ်စေပြီး တွားသွား တိရစ္ဆာန် နှင့် ပင့်ကူ ထိန်းသိမ်း စောင့်ရှောက်သူ Jake Meney ကဲ့သို့သော လူများ အတွက် အဆိပ်ဖြေဆေးများ ပိုမို ထုတ်နိုင်ရန် ယခုအချိန်သည် အခွင့်အလမ်းကောင်း တစ်ရပ် ဖြစ်ကြောင်း သိရသည်။

 “တကယ်လို့ သင်ဟာ အရွယ်ရောက်ပြီးသားသူ တစ်ယောက် ဆိုရင် funnel-web ပင့်ကူကို ဖမ်းဖို့ အတွက် ဖန်ခွက် ကြီးကြီး တစ်လုံးကို သုံးပြီး ဖမ်းနိုင်ပါတယ်။ဖမ်းမိတဲ့ ပင့်ကူကို လက်နဲ့ မကိုင်ဘဲနဲ့ ရှည်လျားတဲ့ တုတ်ချောင်းကို အသုံးပြုပြီး အိုးထဲ ထည့်လာပြီးတော့ ကျွန်တော်တို့ ဥယျာဉ်ကို ယူလာပေးပါ။”ဟု ၎င်းက ပြောသည်။

ဩစတြေးလျ နိုင်ငံသားများ အနေဖြင့် မှန်ကန်သည့် အရေးပေါ် ကုသမှုများ နှင့် ပင့်ကူကို မည်ကဲ့သို့ ဘေးကင်းစွာ ဖမ်းဆီး နိုင်သည်ကို သိထားရန် အရေးကြီးပြီး ၎င်းတို့က ဆေးရည် ထုတ်လုပ်ကာ လူများ၏ အသက်ကို ကယ်နိုင်မည် ဖြစ်ကြောင်း Jake Meney က ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.