Connect with us

Asia

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ၏စံပြဖြစ်ဟု ကမေ္ဘာဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဆို 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၏ မြင်ကွင်း တစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၂၆ရက်(ဆင်ဟွာ)

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကြာကာလအတွင်း တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းလုံးအာရုံထားဂရုပြုရလောက်သည့် အောင်မြင်မှုများရရှိခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၊အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စံပြနမူနာ ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီးနှင့်အစိုးရပြောရေးဆိုခွင့်ရှိသူKhieu Kanharithက ဆင်ဟွာ၏ ယခုရက်ပိုင်းများအတွင်း သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ အတွင်းမှာ တရုတ်နိုင်ငံရဲ့ ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက် အောင်မြင်မှုရလဒ်တွေက အံမခန်းပဲ။  အတွေ့အကြုံတော်တော်များများ ကျွန်တော်တို့ လေ့လာသင်ယူသင့်တယ်”ဟု Khieu Kanharithက ဆိုသည်။ တရုတ်နိုင်ငံ၏ဆင်းရဲမှုလျှော့ချရေး အောင်မြင်မှုရလဒ်များသည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့်အစိုးရ၏ မှန်ကန်သော မူဝါဒများနှင့် မကင်းသလို တရုတ်နိုင်ငံသူနိုင်ငံသားများ၏ ကြိုပမ်းဆောင်ရွက်မှုနှင့်လည်း မကင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

“၁၉၉၂  ခုနှစ် တရုတ်နိုင်ငံကို ရောက်စဉ်က အခြေအနေကို ပြန်စဉ်းစားလိုက်ရင် လေဆိပ်ကနေ ပေကျင်းမြို့ထဲကို သွားဖို့ဆို အချိန် အတော်ကြာတယ်။ အဲတုန်းက လမ်းမကောင်းဘူး၊ ကားသိပ်မများဘူး ၊ စက်ဘီးတွေကတော့ အများကြီးပဲ။ နောက် ၁၀ နှစ်ကြာ တရုတ်နိုင်ငံကို ပြန်ရောက်တော့ အကွာအဝေးတူလမ်းခရီးကို နာရီဝက်ကြာရုံနဲ့ရောက်သွားတယ်။ စက်ဘီးတွေနည်းလာတယ်။ ကားတွေများလာတယ်။ ဒါက တရုတ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေထဲက အောင်မြင်မှုတစ်စိတ်တစ်ပိုင်းလေးပဲ ။ ဒီလိုအောင်မြင်မှုတွေက ပြည်သူတွေ လူနေမှုအဆင့်အတန်း အဆက်မပြတ်ကောင်းမွန်ပြည့်စုံလာစေဖို့ တွန်းအားဖြစ်စေတယ်။” Khieu Kanharithက ဆိုသည်။

တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (CFPD)နှင့် ကမ္ဘောဒီးယားနိုင်ငံ လူထုအခြေပြုလူမှုအဖွဲ့အစည်းဖိုရမ် (CSAF)သည် ကမ္ဘောဒီးယားနိုင်ငံ Takeoပြည်နယ် Bati ခရိုင်ရှိ ထာနုန် ကျေးရွာလေးတွင် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေး ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံပြကျေးရွာအစီအစဉ်ကို မကြာမီကာလက စတင်ခဲ့ရာ တရုတ်နိုင်ငံက ၎င်း၏အတွေ့အကြုံများဖြင့် ကမ္ဘောဒီးယား နိုင်ငံ ကျေးလက်ဆင်းရဲမှုလျှော့ချရေးတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သည်။ 

သုံးနှစ်ကြာဆောင်ရွက်မည့်အဆိုပါစီမံကိန်းတွင် လမ်းပြုပြင်တည်ဆောက်ခြင်း၊ ရေပေးဝေခြင်း၊ ကျန်းမာရေးနှင့်ဆေးဝါးကုသရေးစင်တာ စသည့် အခြေခံအဆောက်အဦ တည်ဆောက်မှုများ ပါဝင်မည်ဖြစ်သလို အသက်မွေးဝမ်းကျောင်း မွမ်းမံသင်တန်းများဖြင့်  စိုက်ပျိုးရေးနှင့်မွေးမြူရေး စသည့် ကျေးလက်တောရွာ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး   ကျေးရွာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံမှုစသည်တို့ ပါဝင်မည်ဖြစ်သည်။ 

အဆိုပါစီမံကိန်းသည် ကမ္ဘောဒီးယားနိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများအတွက် အကျိုးဆောင်နိုင်ရုံသာမက နှစ်နိုင်ငံချစ်ကြည်ရေးကို တစ်ဆင့်ထပ်လောင်း တိုးမြှင့်နိုင်မည်ဖြစ်သည်ဟု Khieu Kanharithက ဆိုသည်။ “ကမ္ဘောဒီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာကို တရုတ်နိုင်ငံက အစဉ်အမြဲလေးစားတယ်။ ကူညီဆောင်ရွက်မှုတွေမှာလည်း အပိုထပ်ဆောင်းတောင်းဆိုချက်တွေ ဘယ်တော့မှ မတောင်းဆိုခဲ့ဘူး။ ဒီအတွက်ကြောင့်လည်း ကျေးဇူးအများကြီးတင်တယ်။” ဟု Khieu Kanharithက ပြောကြားခဲ့သည်။“တရုတ်နိုင်ငံက ဆင်းရဲမှုလျှော့ချရေးမှာ အောင်မြင်မှုတွေရရှိနေတာက သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်ဝါဒရဲ့အောင်မြင်မှုကို ရှင်းလင်းစွာပြသနေတာ။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှာ ကျွန်တော်တို့က တရုတ်နိုင်ငံဆီကနေ လေ့လာသင့်တယ်။ ဥပမာ မဟာဗျူဟာရေးဆွဲပုံ၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပုံ စတာတွေပေါ့ ” ဟု ၎င်းက ဆိုသည်။ “ကျွန်တော် တရုတ်နိုင်ငံကို သွားတဲ့အခါ တရုတ်နိုင်ငံရဲ့ ခေတ်မီလမ်းမတွေ၊မီးရထားလမ်းတွေ၊လေကြောင်းစနစ်တွေနဲ့ ပေကျင်းစတဲ့ မြို့ကြီးတွေရဲ့ မိုးမြင့်တိုက်တွေက အမှတ်ရဆုံးပဲ။ သိပံ္ပနည်းပညာ ကဏ္ဍမှာတော့ 5 Gနည်းပညာက ရှေ့တန်းပြေးဖြစ်နေပြီး လူ့အဖွဲ့အစည်းအကျိုးဖော်ဆောင်နေတယ်။” Khieu Kanharithက ပြောကြားခဲ့သည်။ (Xinhua)