Connect with us

Asia

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာဒေသရှိပြည်သူများအား ကူညီရန် အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀ လှူဒါန်း

ဖိလစ်ပိုင်နိုင်ငံရှိ Taal မီးတောင်ပေါက်ကွဲပြီး ချော်ပြာများနှင့် ရေနွေးငွေ့များ ထုတ်လွှတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ Taal မီးတောင်ပေါက်ကွဲမှုဒဏ်ခံစားခဲ့ရသည့် ဒေသခံများကို ကူညီထောက်ပံ့ရန် ယွမ် တစ်သန်း (အမေရိကန်ဒေါ်လာ ၁၄၄,၀၀၀ ခန့်) လှူဒါန်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားလိုက်သည်။

လှူဒါန်းမှုအား ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟွမ်ရှီးလျန်က DFA ဖိလစ်ပိုင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Enrique Manalo ထံသို့ ဇန်နဝါရီ ၂၂ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရှိ Taal မီးတောင်ပေါက်ကွဲပြီး ချော်ပြာများနှင့် ရေနွေးငွေ့များ ထုတ်လွှတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံရှိ Taal မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းနေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

“ဖိလစ်ပိုင်ပြည်သူများအနေနဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး သဘာဝဘေးဒဏ် လျော့ပါးရေး အားထုတ်လုပ်ဆောင်ချက်တွေ ဆောင်ရွက်ရာမှာ ပိုပြီးအထောက်အကူပြုဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေ ပုံမှန်နေထိုင်မှုဘဝကို ဆောလျဉ်စွာ ပြန်လည်ရောက်ရှိနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု ဟွမ်က ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်သံရုံးက Taal မီးတောင်ပေါက်ကွဲမှုဒဏ်ခံစားခဲ့ရသည့် ပြည်သူများထံ နှာခေါင်းစည်းများ၊ ဆန်အိတ်များနှင့် အခြားသော ကုန်ပစ္စည်းများ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117