Connect with us

Social, Education & Health

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်ရင်း ကွယ်လွန်သွားသည့် ဝူဟန့်ဆေးရုံအုပ်အတွက် တရုတ်နိုင်ငံအစိုးရက ဝမ်းနည်းကြေကွဲ 

ကိုရိုနာဗိုင်းရပ်စ်ကုသရေး ဆောင်ရွက်ရင်း ကွယ်လွန်သွားသည့် ဝူဟန့်မြို့မှ ဒေါက်တာ Liu Zhiming အားတွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဦးဆောင်ဦးရွက် ညွှန်ကြားမှုပြုလုပ်နေသည့် တရုတ်နိုင်ငံဗဟိုအစိုးရ လမ်းညွှန်အဖွဲ့က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားရာ ဝူဟန့်မြို့ရှိ ဝူဟန့်ဆေးရုံအကြီးအကဲ ဒေါက်တာ Liu Zhiming ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် အလွန်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ စွန်းချွန်းလန် (Sun Chunlan) နှင့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီ ဒုတိယအကြီးအကဲ ယွီရွှယ်ကျွင်း (Yu Xuejun) တို့သည် ဒေါက်တာ Liu ၏  မိသားစုထံ သွားရောက်၍ နှစ်သိမ့် အားပေးစကားပြောကြားခဲ့ပြီး အစိုးရလမ်းညွှန်အဖွဲ့ကိုယ်စား ဝူဟန့်မြို့အခြေစိုက် Tongji ဆေးရုံခွဲအတွက် အလွန်ကြေကွဲစိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့သည်။

အသက် ၅၁ နှစ်အရွယ် ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ Liu သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ကြိုးပမ်းလုပ်ဆောင်နေစဉ် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ၎င်းအသက်ကို ကယ်တင်နိုင်ရန် လုပ်ဖော်ကိုင်ဖက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ကြိုးစားကုသပေးခဲ့သော်လည်း ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

COVID-19 ကူးစက်မှု စတင်ဖြစ်ပွားစဉ်ကတည်းက ဒေါက်တာ Liu သည် ၎င်း၏ အသက်ကို ပဓာနမထားဘဲ ရောဂါတိုက်ဖျက်ရေးအတွက် Wuchang ဆေးရုံတွင် အခြားသော ဆေးဘက်ဆိုင်ရာဝန်ထမ်းအားလုံးနှင့်အတူ လူနာကုသရေးကို ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ၊ မြို့တော်၏ ရောဂါကာကွယ်ရေးအတွက် အလွန်အရေးပါသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ကြောင်း ဝူဟန့်မြူနီစပယ်ကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.