Connect with us

Social, Education & Health

ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံအခြားဒေသများတွင် အသစ်ထပ်တိုး အတည်ပြုလူနာ အရေအတွက် ၁၃ ရက် ဆက်တိုက် ကျဆင်း

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် COVID -19ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူကလေးငယ်တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) 

COVID -19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများသည် နေ့စဉ်ရက်ဆက် အပေါင်းလက္ခဏာ ဆောင်သည့် တိုးတက်မှုများရရှိလာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်များအရ ဖေဖော်ဝါရီ ၁၆ ရက် ၂၄:၀၀ နာရီအထိ ဆိုရလျှင် တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခုနှင့် ရှင်းကျန်း ထုတ်လုပ်မှုနှင့်တည်ဆောက်မှု တပ်ဖွဲ့၏ အစီအရင်ခံစာများတွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၀,၈၄၄ ဦး ရှိကြောင်းသိရသည်။ 

တစ်ချိန်တည်းမှာပင် ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံအခြားဒေသများတွင် အသစ်ထပ်တိုး အတည်ပြုလူနာ အရေအတွက် ၁၃ ရက် ဆက်တိုက် ကျဆင်းလျက်ရှိရာ ထပ်တိုးလူနာမှာ ဖေဖော်ဝါရီ ၃ ရက်က ၈၉၀ ဦး ရှိရာမှ ဖေဖော်ဝါရီ ၁၆ ရက်တွင် ၁၁၅ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ထပ်တိုးအတည်ပြုလူနာ ၁ ဦးရှိပြီး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ  ၉ ဦး ရှိကြောင်း ဖော်ဖော်ရီ ၁၇ ရက်တွင် ကျင်းပသည့် ပေကျင်းမြို COVID -19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ချုံချင့်မြို့တွင်လည်း ထပ်တိုးအတည်ပြုလူနာအရေအတွက်သည် ၇ ရက် ဆက်တိုက်ကျဆင်း လျက်ရှိပြီး ယခု ၃ ရက်တွင် နေ့စဉ်ထပ်တိုးလူနာသည် ၁၀ ဦး အောက်ရှိကြောင်း ချုံချင့်မြို့ ကျန်းမာရေး ကော်မရှင် ပါတီကော်မတီ ဒုတိယအထွေထွေ အတွင်းရေးမှူး ရှဖေ့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက် မှစ၍ ထပ်တိုးလူနာနှင့် ဆေးရုံတင်လူနာ အရေအတွက် နှစ်ခုလုံး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)