Connect with us

CHINA

တရုတ်နိုင်ငံ ပြည်မကြီး၌ ပြည်ပမှ ဝင်ရောက်လာသော COVID-19 လူနာအသစ် ၃၂ ဦး ထပ်မံတွေ့ရှိ 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်နိုင်ငံတကာလေဆိပ်ကို မတ် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီး၌ ဧပြီ ၆ ရက်တွင် ပြည်ပမှ ဝင်ရောက်လာသော နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် ၃၂ ဦးထပ်မံတွေ့ရှိခဲ့ရာ လက်ရှိတွင် စုစုပေါင်း ၉၈၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြည်ပမှ ဝင်ရောက်လာသော COVID-19 လူနာများအနက် ၂၈၅ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသွားကြပြီဖြစ်ကြောင်း ၊  ၆၉၈ ဦးမှာ ဆေးရုံများတွင် ဆက်လက် ဆေးကုသမှုခံယူနေကြောင်း နှင့် ၎င်းတို့အနက် ၂၁ ဦးမှာ ရောဂါပြင်းထန်ကြောင်း ကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ပမှ ဝင်ရောက်လာသော လူနာများတွင် သေဆုံးသူမရှိသေးကြောင်း သိရသည်။ထို့ပြင် ကော်မရှင်က လူပေါင်း ၈၉ ဦးသည် ဗိုင်းရပ်စ်ကူးစက်ခံထားရဖွယ်ရှိသည်ကို သံသယရှိကြောင်း ၊ ယင်းတို့အားလုံးသည် တရုတ်နိုင်ငံ ပြည်မကြီး အပြင်ဘက်မှ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)