Connect with us

CHINA

စင်ကာပူနိုင်ငံ၌ COVID-19 လူနာသစ် ၆၆ ဦးထပ်တိုး ၊ စုစုပေါင်း ၁,၃၇၅ ဦးထိရှိလာ

စင်ကာပူမြို့တော်မြင်ကွင်းအား ဧပြီ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ ဧပြီ ၆ ရက်တွင် COVID-19  ကူးစက်ခံရသူ အသစ် ၆၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိနိုင်ငံအတွင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၃၇၅ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း စင်ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီ ၆ ရက် တွင်ဖြစ်ပွားခဲ့သော ကူးစက်မှုများတွင် ၆၅ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၊ ကျန်တစ်ဦးမှာ ပြည်ပမှ ဝင်ရောက်လာသော ကူးစက်လူနာဖြစ်ကြောင်း သိရသည်။ပြည်တွင်းကူးစက်မှုများအနက် ၃၅ ဦးမှာ ပြည်သူအချင်းချင်းကြား ရောဂါ ပြန့်နှံ့ကူးစက်ရာမှ ဖြစ်လာသော လူနာများဖြစ်ပြီး အခြား ၂၄ ဦးမှာ နိုင်ငံခြားသား အလုပ်သမား တန်းလျားများမှတဆင့် ကူးစက်ခံရသူများဖြစ်ကြောင်း နှင့် ကျန် ၁၁ ဦးမှာ အလုပ်သမားတန်းလျားမှ မဟုတ်သော နေရာများမှတဆင့် ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။

စင်ကာပူမြို့တော်မြင်ကွင်းအား ဧပြီ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူမြို့တော်မြင်ကွင်းအား ဧပြီ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူမြို့တော်မြင်ကွင်းအား ဧပြီ ၅ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

လူနာ ၃ဝ ဦးအတွက် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမိသူများကို ဆက်လက်ရှာဖွေဖော်ထုတ်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်လာသူ ၃၄၄ ဦးရှိပြီး ၎င်းတို့သည် သက်ဆိုင်ရာ ဆေးရုံများ သို့မဟုတ် တစ်ဦးတည်း သီးခြားနေထိုင်ရေးနေရာများမှ အသီးသီး ဆင်းခွင့်ရရှိခဲ့ကြပြီဖြစ်ကြောင်း သိရသည်။(Xinhua)