Connect with us

CHINA

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ထပ်တိုးမှုမရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ပူချိန်တိုင်းတာမှု ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင်  ဧပြီ ၄ ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ ပြည်နယ်အတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် ထပ်မံတိုးလာခြင်းမရှိသလို ယင်းနေ့တွင် ပြည်ပမှဝင်ရောက်သော အတည်ပြုလူနာလည်း မရှိကြောင်း ဟူပေပြည်နယ် ကျန်းမာရေး ကော်မရှင်၏ ပြောကြားချက်များအရ သိရသည်။ 

ဟူပေပြည်နယ်တစ်ခုလုံး၌ ဧပြီ ၄ ရက်တွင် ထပ်တိုးသေဆုံးသူ  ၃ ဦးရှိပြီး ၎င်းတို့ ၃ ဦးစလုံးမှာ ဝူဟန့်မြို့မှဖြစ်ကြောင်း ၊ ကျန်ခရိုင်မြို့ ၁၆ ခုတွင် သေဆုံးသူ မရှိကြောင်းနှင့် ရောဂါသက်သာပျောက်ကင်း ၍ ဆေးရုံဆင်ခွင့်ရသူ ၁၈၃ ဦး ရှိကြောင်း သိရသည်။ 

၂၀၂၀ ခုနှစ် ဧပြီ ၄ ရက် ဒေသစံတော်ချိန် ၂၄:၀၀ နာရီအထိ ဟူပေပြည်နယ်တစ်ခုလုံးတွင် အတည်ပြုလူနာ စုစုပေါင်း ၆၇,၈၀၃ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းရသူ ၆၃,၉၄၅ ဦး၊ သေဆုံးသူ ၃,၂၁၀ ဦး  အသီးသီး ရှိကြောင်း သိရသည်။

လက်ရှိတွင် သတ်မှတ်သီးခြားကုသဆေးရုံ၌ ကုသမှုခံယူနေသူ ၆၄၈ ဦးရှိပြီး ၎င်းတို့အနက် ရောဂါပြင်းထန်သူ ၁၇၁ ဦး၊ ရောဂါအလွန် ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သူ ၉၆ ဦး ရှိကြောင်းသိရသည်။ ယခုအခါ ထပ်တိုးသံသယလူနာနှင့် အတည်ပြုလူနာမရှိကြောင်း ၊ အနီးကပ်စောင့်ကြည့်ရန် လိုအပ်သူ စုစုပေါင်း ၂၇၉,၀၅၉ ဦးရှိပြီး ကျန်းမာရေးအခြေအနေစောင့်ကြည့်မှုခံယူနေသူ ၁,၆၀၇ ဦး ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.