Economy
တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ကျန်းမာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပိုမိုပြသမည်
ပေကျင်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပြီးခဲ့သည့်နှစ်ကထက် ဆေးဝါးနှင့် ကျန်းမာရေးသုံးကိရိယာများ ကဏ္ဍကို နှစ်ဆတိုးရန်စီစဉ်ထားပြီး ယင်းကဏ္ဍအတွက် Fortune 500 စာရင်းဝင် ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းကြီး ၆၀ နီးပါးမှ ပါဝင်ရန်စာရင်းသွင်းထားပြီးဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ဧပြီ ၉ ရက်တွင် ပြောကြားသည်။
အဆိုပါကဏ္ဍအတွက် စီစဉ်ထားသည့်နေရာ ၈၀ ရာခိုင်နှုန်းကျော်အတွက် စာရင်းသွင်းပြီး ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောခဲ့သည်။
အဆိုပါကဏ္ဍတွင် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ သက်ကြီးစောင့်ရှောက်မှု ၊ ကျန်းမာရေးဆိုင်ရာ အစားအစာများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြသသွားမည်ဖြစ်သည်။ ကုမ္ပဏီအနည်းငယ်က အောက်ဆီဂျင်စက်များ၊ အသက်ရှူစက်များ၊ ကိုယ်ပူချိန်တိုင်းစက်များနှင့် အကာအကွယ်နှာခေါင်းစည်းများ အပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ရေးကိရိယာများ ပါဝင်ပြသမည်ဟု ကောင်း က ပြောသည်။
နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက် နေ့အထိ ရှန်ဟိုင်းတွင် ပြုလုပ်မည့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ကမ္ဘာတစ်ဝန်းက ပါဝင်ပြသမည့်သူ ၁,၀၀၀ကျော် စာရင်းပေးထားပြီးဖြစ်ကြောင်းနှင့် ပြခန်းနေရာ ၆၀ ရာခိုင်နှုန်းရယူထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)