Connect with us

Economy

စီးပွားရေးလုပ်ငန်းများပြန်လည်စတင်လာသည့် အချိန်တွင် လုပ်ငန်းခွင်ဘေးကင်းရေးကို တင်းကျပ်စွာဆောင်ရွက်ရန် သမ္မတရှီတိုက်တွန်း 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ သမ္မတရှီကျင့်ဖိန် တရုတ်နိုင်ငံ ကျဲကျန်း ပြည်နယ် ရှိ စက်မှုဇုန်တစ်ခု တွင် မတ် ၂၉ ရက် ကကြည့်ရှုစစ်ဆေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ချိန် တွင် အလုပ်သမားများ၏  အသက်အိုးအိမ်စည်းစိမ်  လုံခြုံမှုအတွက် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမည့် ကာကွယ်မှုများ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ 

တိုင်းပြည်တွင် လုပ်ငန်းများ နှင့် ထုတ်လုပ်မှုများ ကို ပြန်လည်စတင်သည်နှင့်အမျှ ကုန်ထုတ်လုပ်မှု လုံခြုံမှု နှင့် ပတ်သက်၍ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့်ဥပဒေစိုးမိုးရေးအား ပိုမိုခိုင်မာစေရန် နှင့် ဈေးကွက်အဖွဲ့အစည်းများ၏တာ ဝန်များကိုပိုမိုကောင်းမွန်စွာအကောင်အထည်ဖော်ရန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ သမ္မတရှီကျင့်ဖိန်က ညွှန်ကြားခဲ့သည်။  (Xinhua)