Connect with us

Economy

တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ကျန်းမာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပိုမိုပြသမည်

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ လာဘ်ကောင်ရုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်၊  ဧပြီ  ၁၀ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တွင် ပြီးခဲ့သည့်နှစ်ကထက် ဆေးဝါးနှင့် ကျန်းမာရေးသုံးကိရိယာများ ကဏ္ဍကို နှစ်ဆတိုးရန်စီစဉ်ထားပြီး  ယင်းကဏ္ဍအတွက် Fortune 500 စာရင်းဝင် ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းကြီး ၆၀ နီးပါးမှ ပါဝင်ရန်စာရင်းသွင်းထားပြီးဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ဧပြီ ၉ ရက်တွင် ပြောကြားသည်။

အဆိုပါကဏ္ဍအတွက် စီစဉ်ထားသည့်နေရာ ၈၀ ရာခိုင်နှုန်းကျော်အတွက် စာရင်းသွင်းပြီး ဖြစ်သည်ဟု  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်းဖုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောခဲ့သည်။

အဆိုပါကဏ္ဍတွင် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ သက်ကြီးစောင့်ရှောက်မှု ၊ ကျန်းမာရေးဆိုင်ရာ အစားအစာများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပြသသွားမည်ဖြစ်သည်။ ကုမ္ပဏီအနည်းငယ်က အောက်ဆီဂျင်စက်များ၊ အသက်ရှူစက်များ၊ ကိုယ်ပူချိန်တိုင်းစက်များနှင့်  အကာအကွယ်နှာခေါင်းစည်းများ အပါအဝင် ကူးစက်ရောဂါ ထိန်းချုပ်ရေးကိရိယာများ ပါဝင်ပြသမည်ဟု ကောင်း က ပြောသည်။

နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက် နေ့အထိ ရှန်ဟိုင်းတွင် ပြုလုပ်မည့် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် ကမ္ဘာတစ်ဝန်းက ပါဝင်ပြသမည့်သူ ၁,၀၀၀ကျော် စာရင်းပေးထားပြီးဖြစ်ကြောင်းနှင့်  ပြခန်းနေရာ ၆၀ ရာခိုင်နှုန်းရယူထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)