Connect with us

WORLD

ဗြိတိန်နိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူ ၁ သောင်းနီးပါး ရှိလာ

ဗြိတိန်နိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူ ၁ သောင်းနီးပါး ရှိလာ

လန်ဒန်၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၉,၈၇၅ ဦး ရှိသွားပြီဖြစ်ကြောင်း ၊ယင်းမှာပြီးခဲ့သောရက်ကထက် ၉၁၇ ဦး ထပ်တိုးလာခြင်း ဖြစ်ကြောင်း နှင့်  စုစုပေါင်းအတည်ပြုလူနာ ၇၈,၉၉၁ ဦးထိ ရှိသွားကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောကြားချက်များအရ သိရသည်။ ထိုမတိုင်မီ ဘောရစ်ဂျွန်ဆင်သည် COVID-19 ကူးစက်ခံရမှုကြောင့် ဧပြီ ၅ ရက် ညပိုင်းတွင် ဆေးရုံတက်ခဲ့ရပြီး ဆေးကုသမှုခံယူခဲ့ရာ ဧပြီ ၆ ရက် ညပိုင်းတွင် ရောဂါအခြေအနေ ဆိုးဝါးလာသဖြင့် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ကုသမှုခံယူခဲ့ ရကြောင်း ၊ ဧပြီ ၉ ရက် ညပိုင်းတွင် ရောဂါအခြေအနေ သက်သာလာသောကြောင့် အထူးကြပ်မတ် ကုသဆောင်မှ ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရသည်။

 ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့၌ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်လှုပ်ရှားအကျိုးဆောင်နေသူများအား လေးစားအားပေးထောက်ခံသည့် စာတန်းများ ကပ်ထားသည်ကို  ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် နှာခေါင်းစည်းအပါအဝင် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများ တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိရာ ဧပြီ ၁၀ ရက်အထိ နိုင်ငံအတွင်း ရောဂါကာကွယ်ရေး ထောက်ပံ့ပစ္စည်း အရေအတွက် သန်း ၇၀၀ ကျော် ရှေ့တန်းသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.