Connect with us

WORLD

အမေရိကန်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိလာဟု ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ COVID-19 လူနာတစ်ဦးအား သယ်ဆောင်လာသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ဧပြီ ၁၁ ရက် ညနေပိုင်းထိ နိုင်ငံအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ အချက်အလက်များ အရသိရသည်။

ဧပြီ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီအထိ နိုင်ငံအတွင်း အတည်ပြုလူနာပေါင်း ၅၁၉,၄၅၃ ဦးရှိပြီး ယင်းတို့အနက် သေဆုံးသူ ၂၀,၀၇၁ ဦးရှိခဲ့ကြောင်း CSSE က ဆိုသည်။နယူးယောက်ပြည်နယ်တွင် သေဆုံးသူ ၈,၆၂၇ ဦးရှိခဲ့ပြီး အမေရိကန်နိုင်ငံအတွင်း သေဆုံးမှု အများဆုံးပြည်နယ်ဖြစ်ကြောင်း ယင်းနောက်တွင် နယူးဂျာစီပြည်နယ်က ၂,၁၈၃ ဦး နှင့် မစ်ရှီဂန်ပြည်နယ်က ၁,၂၇၆ ဦးဖြစ် အသီးသီးရပ်တည်နေကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၂၉,၅၀၇ ဦးရှိကြောင်း CSSE ၏ ကိန်းဂဏန်းများ အရသိရသည်။(Xinhua)