Connect with us

WORLD

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်းကျော် အထိ ရောက်ရှိလာကြောင်း Johns Hopkins တက္ကသိုလ် ထုတ်ပြန်

အမေရိကန် နိုင်ငံ တွင် ဆံပင်ညှပ်ဆရာ တစ်ဦး က နှာခေါင်းစည်း တပ်၍ ဝန်ဆောင်မှု ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

Johns Hopkins တက္ကသိုလ် ၏ ဇွန်လ ၁၀ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂ သန်းကျော် အထိ ရောက်ရှိလာကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ဇွန်လ ၁၀ ရက် ၂၃ နာရီ ၃၃ မိနစ် အချိန် ထိ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၀၀၀,၄၆၄ ဦး အထိ ရောက်ရှိလာခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၂,၉၂၄ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားသည့် ပြည်နယ် မှာ နယူးယောက် ပြည်နယ် ဖြစ်ပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၈၀,၁၅၆ ဦး ရှိပြီး သေဆုံးသူ စုစုပေါင်း ၃၀,၅၄၂ ဦး ရှိကြောင်း ၊ အမေရိကန် နိုင်ငံ တွင် ရောဂါကူးစက်ခံရသူ တစ်သိန်း အထက် ရှိသော ပြည်နယ် များမှာ နယူးဂျာစီ ပြည်နယ် ၊ ကယ်လီဖိုးနီးယား ပြည်နယ် ၊ အီလီနွိုက်စ် ပြည်နယ် နှင့် မက်ဆာချူးဆက် ပြည်နယ် တို့ ဖြစ်ကြသည်။

အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ ၏ ဖော်ပြချက် အရ အမေရိကန် နိုင်ငံ ရှိ ဒေသ အချို့ က ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု အား ဖြေလျှော့ပေးချိန်တွင် အကြီးစား လူမျိုးရေး ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့သောကြောင့် တက္ကဆက် ပြည်နယ် နှင့် ကယ်လီဖိုးနီးယား ပြည်နယ် အပါအဝင် ပြည်နယ်ပေါင်း ၁၀ ခုကျော် တွင် ကပ်ရောဂါ အခြေအနေ ဆိုးရွားလာခဲ့ကြောင်း သိရှိရသည်။  (Xinhua)