Connect with us

WORLD

ဇင်ဘာဘွေ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်ကြောင်း ပြောကြား 

တရုတ် နိုင်ငံ မှ ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေအပ်သည့် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က တရုတ် နိုင်ငံ အစိုးရ ၏ ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အဆက်မပြတ် ကူညီဆောင်ရွက်မှုများ အပေါ် ကျေးဇူးတင်ပြီး တရုတ် နိုင်ငံ ၏ အကူအညီ က ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ ပြန့်ပွားမှု အား တားဆီးရန် အတွက် လွန်စွာ အရေးပါကြောင်း ဇွန်လ ၁၁ ရက် ၌ ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ မှ ဇင်ဘာဘွေ နိုင်ငံ အား ကူညီထောက်ပံ့သည့် ဒုတိယ အသုတ် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား အား ဇွန်လ ၁၁ ရက် ၌ ဇင်ဘာဘွေ နိုင်ငံ သမ္မတ အိမ်တော် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းများတွင် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း နှင့် ကာကွယ်ရေး ဝတ်စုံများ ပါဝင်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံ မှ ဇင်ဘာဘွေ နိုင်ငံ အား ကူညီထောက်ပံ့ပေးခဲ့သည့် ထောက်ပံ့ရေးပစ္စည်းများ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

-ဇင်ဘာဘွေ နိုင်ငံ သမ္မတ နှင့် ဇင်ဘာဘွေ နိုင်ငံ ဆိုင်ရာတရုတ် နိုင်ငံ သံအမတ်ကြီး နှုတ်ဆက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ သမ္မတ Emmerson Mnangagwa က လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား တွင် လက်ရှိချိန် က ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ၏ အရေးပါသော အချိန်ကာလ ဖြစ်ပြီး ပြည်ပ မှ ရောဂါကူးစက်ခံရသူ ဝင်ရောက်မှု မြင့်တက် လာခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းပေးခြင်း ၊ ပညာရှင်အဖွဲ့ စေလွှတ်ပေးခြင်း စသည့် ပုံစံများ ဖြင့် ဇင်ဘာဘွေ နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဆောင်ရွက်မှုများ က နှစ်နိုင်ငံ ၏ စစ်မှန်သော ဘက်စုံမဟာဗျူဟာမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှုများကြောင့် ဇင်ဘာဘွေ နိုင်ငံ အနေဖြင့် ကပ်ရောဂါ အား ထိန်းချုပ် နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ 

ဇင်ဘာဘွေ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကော်ရှောင်ချွမ်း က ဇင်ဘာဘွေ နိုင်ငံ ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန် မှ စ၍ တရုတ် နိုင်ငံ အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ အား ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေး ခဲ့သည့် အပြင် ပညာရှင် ၁၂ ဦး ဖြင့် ဖွဲ့စည်းထားသည့် ပညာရှင် အဖွဲ့အား စေလွှတ်ပေးခဲ့ကြောင်း ၊ ပညာရှင် အဖွဲ့ အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ တွင် အချိန် ၂ ပတ်ကြာ ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် ပတ်သက်၍ အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ကုသရေးဆိုင်ရာ သင်တန်းများ ပို့ချပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဇွန်လ ၁၁ ရက် ညနေပိုင်း အချိန်ထိ ဇင်ဘာဘွေ နိုင်ငံ တွင် COVID-19  ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၂၀ ဦး ရှိခဲ့ပြီး ၄ ဦး သေဆုံးခဲ့ကာ ၄၉ ဦး ရောဂါ မှ ပြန်လည်ကောင်းမွန်လာကြောင်း သိရှိရသည်။  (Xinhua)