Connect with us

WORLD

တရုတ် နိုင်ငံ အစိုးရ မှ တောင်ဆူဒန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်းများ ဂျူဘာ သို့ ရောက်ရှိ 

တရုတ် နိုင်ငံ အစိုးရ မှ တောင်ဆူဒန် နိုင်ငံ သို့ ကူညီထောက်ပံ့ပေးခဲ့သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရ မှ တောင်ဆူဒန် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ က ဇွန်လ ၁၁ ရက် ၌ တောင်ဆူဒန် နိုင်ငံ ၏ မြို့တော် ဂျူဘာ သို့ ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေး ပစ္စည်းများ တွင် ကာကွယ်ရေးဝတ်စုံ ၊ နှာခေါင်းစည်း ၊ မျက်စိကာကွယ်ရေး မျက်မှန် ၊ လက်အိတ် နှင့် COVID-19 ရောဂါ စစ်ဆေးရေး ကိရိယာ တို့ ပါဝင် ခဲ့သည်။

တောင်ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟွာနင် က တရုတ် နိုင်ငံ အနေဖြင့် တောင်ဆူဒန် နိုင်ငံ တွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါ နှင့် ပတ်သက်၍ အနီးကပ် စောင့်ကြည့်နေပြီး တောင်ဆူဒန် နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်၍ ခိုင်မြဲစွာ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ဆူဒန် နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မှ တောင်ဆူဒန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး အား ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်စဉ်(ဆင်ဟွာ)

တောင်ဆူဒန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး Mayen Dut Wol က မိမိ အနေဖြင့် တောင်ဆူဒန် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ တောင်ဆူဒန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ မရှိခင် မှ စ၍ တရုတ် နိုင်ငံ က ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ နှင့် လုပ်ငန်း ကုမ္ပဏီ များ ၏ ကူညီထောက်ပံ့မှုများ က တောင်ဆူဒန် နိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ၏ ယခု အကြိမ် ကူညီထောက်ပံ့မှု သည် ယခုနှစ် မတ်လ မှ စတင်၍ စတုတ္ထ အကြိမ် မြောက် ကူညီထောက်ပံ့မှု ဖြစ်ပြီး ဂျက်မာ(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်း ယခု အကြိမ် မတိုင်မီ တောင်ဆူဒန် နိုင်ငံ ထံသို့ ကပ်ရောဂါ တိုက်ဖျက်ရန် အတွက် ၃ ကြိမ် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။  (Xinhua)