Connect with us

Videos

တရုတ်နိုင်ငံတွင် မြစ်ရေ-ရေမျက်နှာပြင် လျော့ကျသွားသဖြင့် နိုင်ငံအရှေ့ပိုင်းရှိ ရေလွှဲပေါက်ဂိတ်တံခါးများပိတ်သိမ်း

ရှီးအန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ရှီးနန်မြစ်ရေ ရေလှောင်ကန်ရှိ ရေမျက်နှာပြင်မှာ ရေပိုလျှံမှုမျဉ်းအောက်သို့ ရောက်ရှိသွားသဖြင့် ရေလွှဲဂိတ်တံခါးများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလွှဲတံခါးပိတ်သိမ်းမှု မြင်ကွင်းကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင် ဖြစ်ပါသည်။ 

မြစ်၏အထက်ပိုင်းတွင် ရေလျှံလာခြင်းကြောင့် ရေပိုများကို ၁၇၃ နာရီကြာ လွှဲထုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေလှောင်ကန်သည် မြစ်ရေကြီးမှုကြောင့် ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၇ ရက်က ရေလွှဲပေါက်များကို ဖွင့်ချခဲ့ရခြင်း ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.