Connect with us

Social

ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ မြှင့်တင်ရေး စီမံကိန်းအား ကျေးရွာ အုပ်စု ၁၁၀ တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်

ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေ မြှင့်တင်ရေး စီမံကိန်း မိတ်ဆက် သင်တန်းအား ယနေ့ နေပြည်တော်၌ ကျင်းပနေစဉ် (ဓာတ်ပုံ-မွေးရေ/ကျေးလက်)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ကျေးလက် အသက် မွေးဝမ်းကျောင်းနှင့် ဝင်ငွေ မြှင့်တင်ရေး စီမံကိန်းအား ဧရာဝတီတိုင်း ဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် ၊ မကွေးတိုင်း ဒေသကြီး တို့အတွင်းရှိ ကျေးရွာ အုပ်စု ၁၁ဝ တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် တို့ ပူးပေါင်း အကောင်အထည် ဖော်သည့် ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်း၏ ဆောင်ရွက်မည့် လုပ်ငန်းများမှာ လူထု ဗဟိုပြုသည့် နည်းလမ်းဖြင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးကို ဖြစ်ပေါ်စေမည့် အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဖန်တီးပေးခြင်းကဲ့သို့ လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအား ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၁၆ ခု ၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ဘုတ်ပြင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၉ ခု၊ ရှမ်းပြည်နယ်၊ ရွာငံ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၉ ခု၊ မကွေးတိုင်း ဒေသကြီး၊ မြို့သစ်မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ၄၇ ခု ၊ စုစုပေါင်း ကျေးရွာအုပ်စု ၁၁ဝ တွင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အကောင် အထည် ဖော်ရခြင်းသည် ကျေးလက်နေ ပြည်သူများ၏ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဖွံ့ဖြိုးလာ စေရန်၊ မိသားစု ဝင်ငွေ တိုးပွားလာစေရန်၊ ကျေးလက် ကုန်ထုတ်လုပ်ငန်းနှင့် လူမှုရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး လာစေရန်နှင့် ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှု စနစ်များ လေ့ကျင့်ပျိုး ထောင်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)