Connect with us

Social

ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ ဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းရန် လှိုင်သာယာ၌ တန်ဖိုးနည်း ကျန်စစ်မင်း အိမ်ရာ အကောင်အထည် ဖော် ဆောင်ရွက် သွားမည်ဟုဆို

ရန်ကုန်မြို့လှိုင်သာယာ မြို့နယ်တွင်း တန်ဖိုးနည်းအိမ်ယာ ချထားပေးမည့် မြေယာစီမံကိန်းနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ဝင်ငွေနည်းပြည်သူများနှင့် နိုင်ငံ ဝန်ထမ်းများ၏ အိမ်ရာလိုအပ်ချက် များကို ဖြည့်ဆည်းရန် တန်ဖိုးနည်း ကျန်စစ်မင်းအိမ်ရာကို ရန်ကုန်မြို့လှိုင်သာယာတွင် ယခု ဖေဖော်ဝါရီလမှစတင်၍ အကောင်အထည် ဖော် ဆောင်ရွက် သွားမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

လှိုင်သာယာမြို့နယ် အမှတ်(၈) ရပ်ကွက် ကျန်စစ်သားလမ်းမကြီးဘေး ဌာနဆိုင်ရာ ရုံးလမ်း အနောက်ဘက် တွင်ရှိသော အမှတ်(၃၇၅) အင်းဂလိုင် ကွင်း၏ လယ်မြေ ၂၉၃ ဧက၌ အခန်း ပေါင်း ၃၁၇၄ ခန်းပါရှိသော ငါးထပ် နှင့် သုံးထပ်အဆောက်အအုံများပါဝင်သည့် တန်ဖိုးနည်း ကျန်စစ်မင်းအိမ်ရာကို မူလတန်းလွန်ကျောင်း၊ မူလတန်း ကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ ရပ်ကွက်ဈေးနှင့်အတူ Parking Utility တို့ပါရှိမည် ဖြစ်ပြီး ဓာတ်အားခွဲရုံကို တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်း ကျန်စစ်မင်း အိမ်ရာကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏၂ဝ၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်စွဲပါ စာအမှတ်/ ၂၅၇/အဖရ(၂၈/၂ဝ၁၂)ဖြင့် ခွင့်ပြု မိန့်ရရှိထားပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အိတ်ဖွင့် တင်ဒါအောင်မြင်သည့် ဆောက်လုပ် ရေးကုမ္ပဏီ ၇ ခုဖြင့် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပုဒ်မ(၃၉)အရ အခြားနည်း သုံးစွဲခွင့်ရရှိပြီးဖြစ်၍ မြို့ပြစီမံကိန်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး စီမံကိန်းဧရိယာအတွင်း ပါဝင်သော ယခင်လယ်သမားများ အတွက်လည်း လယ်ယာမြေကရုဏာ ကြေးကို စိစစ်ပေးအပ်ခဲ့ပြီးဖြစ်ရာ ကျန်ရှိပါက မတ် ၃၁ ရက် နောက်ဆုံး ထား၍ ခိုင်လုံသော အထောက်အထား များ တင်ပြပြီး လယ်ယာမြေကရုဏာ ကြေးကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၌ ထုတ်ယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.