Connect with us

Social

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ဖြင့် ရထား တွဲသစ် ၁ဝဝ ဝယ်ယူမည်

ရန်ကုန်ဘူတာကြီးတွင် ဆိုက်ကပ်ထားသော ခရီးသည်တင် ရထားတစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ရထား လမ်းပိုင်းများ အဆင့် မြှင့်တင်လျက် ရှိသကဲ့သို့ ရထား တွဲသစ်များနှင့် စက်ခေါင်းသစ်များ ကိုလည်း ထပ်မံ ဝယ်ယူ ဖြည့်တင်းလျက် ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် တောင်ကိုရီးယား နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ဖြင့် ရထားတွဲ ၁ဝဝ ကို တောင်ကိုရီးယား နိုင်ငံမှ ထပ်မံ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ချေးငွေအတွက် လက်မှတ် ထိုးပြီးဖြစ်ကြောင်း၊ အဲယားကွန်း ပါဝင်သည့် အထက်တန်းတွဲ ၂ဝ နှင့် အဲယားကွန်း မပါသည့် အထက်တန်းတွဲ ၂ဝ ပါမည် ဖြစ်ပြီး ၊ ရိုးရိုးတန်း တွဲ ၆ဝ ပါဝင်မည်ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။

တောင်ကိုရီးယား နိုင်ငံမှ ဝယ်ယူမည့် ရထားတွဲ ၁ဝဝ ကို ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဖြစ်သည့် ခရီးသည် စီးနင်းမှုများသော နေရာများ၌ အစားထိုး ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့မီးရထား၌ အမြန်ရထား ၄၂ စင်း၊ စာပို့ရထား ၆၆ စင်း၊ လူစီး ကုန်တင်ရထား ၆၄ စင်း၊ ခရီးတို ရထား ၂၈ စင်းနှင့် မြို့ပတ်ရထား ၂၁၅ စင်းဖြင့် ပြေးဆွဲပေးလျက် ရှိသည်။ မြန်မာနိုင်ငံ၌ ရထား အစင်းရေ ၄၁၅ စင်း ရှိကာ နေ့စဉ် ရထားစီးနင်းသူ တစ်သိန်းခွဲကျော် ရှိကြောင်း မြန်မာ့ မီးရထားမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.