Connect with us

Asia

ကပ်ရောဂါကို ရင်ဆိုင်ရာတွင် ညှိနှိုင်းပူးပေါင်းမှုများ ဆက်လက်ဆောင်ရွက်ကြရန် G20အဖွဲ့ ခေါင်းဆောင်များ တိုက်တွန်း

G20 အဖွဲ့ဝင် ခေါင်းဆောင်များ၏ (၁၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲ မြင်ကွင်းအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (Xinhua/Wang Ye)

ရီယတဒ်၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ညှိနှိုင်းပူးပေါင်းမှုများ ဆက်လက်ဆောက်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ကြရန် မဖြစ်မနေလိုအပ်ကြောင်း G20အဖွဲ့ ခေါင်းဆောင်များက နိုဝင်ဘာ ၂၁ ရက်တွင် အလေးထား ပြောကြားခဲ့သည်။

G20 အဖွဲ့ဝင် ခေါင်းဆောင်များ၏ (၁၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်က ဗွီဒီယို ကွန်ဖရင့် စနစ်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ၂ ရက်ကြာ ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်သည့် ဆော်ဒီအာရေဗျနိုင်ငံက ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

G20 အဖွဲ့ဝင် ခေါင်းဆောင်များ၏ (၁၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးပွဲ မြင်ကွင်းအား နိုဝင်ဘာ ၂၂ ရက် ညပိုင်းက တွေ့ရစဉ် (Xinhua/Rao Aimin)

အစည်းအဝေး ပထမနေ့တွင် ကပ်ရောဂါကြိတင်ကာကွယ်ရေးနှင့်ရင်ဆိုင်ဖြေရှင်းရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးကို ပူးပေါင်းညှိနှိုင်းမှုများ တိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အထူးသဖြင့် အင်အားနည်းပါးသောသူများအား ထောက်ခံကူညီပေးရမည့်တစ်ချိန်တည်းတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ်များကို ထုတ်ကာ ကာကွယ်ဆေး တစ်ဆင့်တိုး သုတေသနာပြုနိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း G20 အဖွဲ့ ခေါင်းဆောင်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းကိုယ်စားလှယ်များက အလေးထား ပြောကြားခဲ့သည်။

ကမ္ဘာတွင် ယခင်က မကြုံတွေခဲ့ရဖူးသော အထူးဆိုးဝါးသည့် ကျန်းမာရေးနှင့်စီးပွားရေးအကျပ်အတည်းကြီးကို ဖြတ်သန်းနေရကြောင်း၊ ကပ်ရောဂါကို အလုံးစုံအနိုင်တိုက်ထုတ်နိုင်ရန်နှင့်နိုင်ငံတကာလူမှုအသိုက်အဝန်းနှင့်အတူ ပြည်သူလူထု၏အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်သွားရန် G20အဖွဲ့ ခေါင်းဆောင်များက ယခုနှစ် မတ်လ ဆော်ဒီအာရေဗျတွင် ကျင်းပခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေး အထူး ထိပ်သီးအစည်းအဝေးတွင် ကတိပြုထားပြီးကြောင်း ဆွေးနွေးပွဲအပြီး ကြေညာချက်တွင် ဖော်ပြထားသည်။
ယခု G20အဖွဲ့ခေါင်းဆောင်များ နောက်ထပ်တစ်ဖန် ပြန်လည် ဆုံဆည်းကျင်းပရသည့် ရည်ရွယ်ချက်မှာ ရည်မှန်းချက်များကို နောက်ဆက်တွဲအကောင်အထည်ဖော်ရေး အာမခံမှုရှိစေရန်နှင့် လုံခြုံသောကမ္ဘာကြီးကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ အားလုံပါဝင်နိုင်၊ ရေရှည်ညှိနှိုင်းဆောင်ရွက်နိုင်သည့်အနာဂတ်ကို တည်ဆောက်ရန် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုဗစ် ကပ်ရောဂါကြီးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခက်အခဲအကျပ်အတည်းများကို ကျော်လွှားခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဆော်ဒီအာရေဗျ ဘုရင် ဆလမန် က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ကမ္ဘာတွင် အားနည်းသူများကို ဂရုစိုက်အလေးပေးရန် ၊ ကမ္ဘာ့နိုင်ငံအားလုံးကို အားပေးထောက်ခံရန် ၎င်းက တိုက်တွန်းခဲ့သလို “လူတိုင်း လုံခြုံမှုရှိမှသာ ကျွန်တော်တို့လည်း လုံခြုံနိုင်မယ်”ဟု ပြောကြားခဲ့သည်။

G20အဖွဲ့ကို ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့ရာ တရုတ်၊ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား ၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂစသည့် နိုင်ငံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.