Connect with us

Asia

တရုတ်-ဂျပန် နှစ်နိုင်ငံအကြား အရေးကြီးသဘောတူညီချက် (၅) ရပ် ၊ အသေးစိတ်ရလဒ် (၆) ချက်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့ နိုဝင်ဘာ ၂၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရစဉ်(Xinhua/Du Xiaoyi)

တိုကျို၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့်အတူ နိုဝင်ဘာ ၂၄ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ဝမ်ရိက COVID-19 ကပ်ရောဂါ တစ်ကမ္ဘာလုံး ပြန့်နှံ့နေဆဲဖြစ်ရာ လူသားမျိုးနွယ် အသိုက်အဝန်းသည် အကောင်းအဆိုးအတူဒွန်တွဲနေသလို နိုင်ငံအသီးသီး၏ အကျိုးစီးပွားအန္တရာယ်များသည်လည်း ဆက်စပ်လျက်ရှိခြင်းကြောင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်၍ စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်ရန် လိုအပ်ကြောင်း ၊ ဒေသနှင့်ကမ္ဘာ၏ အရေးကြီးသည့်နိုင်ငံနှင့်မဟာဗျူဟာမြောက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အနေဖြင့် တရုတ်-ဂျပန် နှစ်နိုင်ငံလုံးတွင် ရှောင်လွှဲ၍ မရသော တာဝန်ဝတ္တရားရှိကြောင်း ပြောကြားခဲ့သည်။

မိမိအနေဖြင့် ဂျပန်နိုင်ငံသို့ ယခုလိုနောက်ခံအကြောင်းတရားကြောင့် လာရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယခုတွေ့ဆုံမှုသည်လည်း ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေခြင်းလည်း ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

Toshimitsu Motegi နှင့်အတူ တရုတ်-ဂျပန် ဆက်ဆံရေးနှင့် အတူအလေးထားဂရုစိုက်နေသည့် နိုင်ငံတကာဒေသရေးရာကိစ္စရပ်များကို ပွင့်လင်းနက်ရှိုင်းစွာဆွေးနွေးခဲ့ရာတွင် အရေးကြီး သဘောတူညီချက် ၅ ရပ်နှင့် အသေးစိတ်ရလဒ် ၆ ချက် ရရှိခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ၏မဟာဗျူဟာ လမ်းညွှန်ဦးဆောင်မှုဖြင့် တရုတ်-ဂျပန် နိုင်ငံရေးစာရွက်စာတမ်း ၄ ခုပေါ်တွင် အခြေပြု၍ “အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်၊အပြန်အလှန် အန္တရာယ်မပြု ”သည့် စိတ်ဓါတ်ကို ခိုင်မာစွာ လက်ကိုင်ထားကာ အပြန်အလှန်ယုံကြည်မှုတိုးတက်အောင်၊ အပြုသဘောဆောင်သည့် လှုပ်ရှားမှုများ လုပ်ဆောင်ကာ ခေတ်သစ်နှင့်လျော်ညီသည့် တရုတ်-ဂျပန် ဆက်ဆံရေးကို ကြိုးပမ်းတည်ဆောက်သွား မည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက သဘောတူညီခဲ့သည်။

ကပ်ရောဂါကို ဆက်လက် လက်တွဲတိုက်ဖျက်ရန် ၊ သတင်းအချက်အလက်များကို အချိန်မီ ဖလှယ်ရန်၊ ကုသဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် နှစ်နိုင်ငံ ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ဒေသနှင့် နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေးကဏ္ဍအတွက် ပူးပေါင်းဆောင်ရွက် အကျိုးဆောင်သွားကြရန် နှစ်ဖက်စလုံးသဘောတူညီခဲ့သည်။

နှစ်နိုင်ငံ စီးပွားရေးပြန်လည်နိုးထရေးအတွက် ပူးပေါင်းဆောင်ရွက်တွန်းအားပေးရန်၊ လာမည့်နှစ် သင့်လျော်သည့်အချိန်တွင် တရုတ်-ဂျပန် စီးပွားရေး အဆင့်မြင့်အရာရှိ တွေ့ဆုံဆွေးနွေးပွဲသစ် ပြုလုပ်၍ သိပ္ပံနည်းပညာဖန်တီးမှုကို ဆက်လက်အားဖြည့်ရန်၊ စွမ်းအင်ချွေတာ၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ ကျန်းမာရေးဆေးကုသစောင့်ရှောက်မှုများ ပြုရန်၊ E-commerce ၊ တတိယဈေးကွက် စသည့် အရေးကြီးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့သည်။

ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) စောလျဉ်စွာ အသက်ဝင် ထိရောက်မှုရှိစေရန် အတူ တွန်းဆောင်ရွက်သွားရန်၊ တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးမှုနှင့် ဒေသ ပူးပေါင်းဆောင်ရွက်မှုဖြစ်စဉ်ကို တက်ကြွစွာ တွန်အားပေးဆောင်ရွက်ရန်၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကိ အခြေခံသည့် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်း၍ အားကောင်းအောင် အတူဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့သည်။

အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုကျိုအိုလံပစ်အားကစားပွဲနှင့် ပေကျင်းဆောင်းရာသီ အိုလံပစ်အားကစားပွဲ ပွဲကြီးနှစ်ခုကို ကောင်းမွန်စွာ ကျင်းပရေးအတွက် အားပေးထောက်ခံသမှုပြုရန် ၊ တရုတ်-ဂျပန်အဆင်မြင့်အရာရှိ လူမှုယဉ်ကျေးမှုဆွေးနွေးဖလှယ်ရေးယန္တရား အစည်းအဝေးကို သင့်လျော်သည့်အချိန်တွင် ကျင်းပရန်၊ ကပ်ရောဂါ ပြီးဆုံးသွားပါက နှစ်ဖက်အကြား လူဝင်ထွက်သွားလာမှုများအား ဘက်စုံ ပြန်လည်ဆောင်ရွက်ရန်၊ ဒေသန္တရ ပူးပေါင်းဖလှယ်မှုများကို တိုးချဲ့ရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုတိုး၊ ချစ်ကြည်ရေး တိုးတက်စေဖို့ ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူညီမှုရရှိခဲ့သည်။

နှစ်ဖက်ဆွေးနွေး၍ အတူ ဆုံးဖြတ်ချက်ချခဲ့သည့်အသေးစိတ်အကြောင်းအရာများမှာ-

(၁) ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်အောင် တင်းတင်းကျပ်ကျပ်ဆောင်ရွက်မှုအောက်တွင် ယခုလအတွင်း နှစ်နိုင်ငံအကြား လိုအပ်သည့် လူဝင်ထွက်သွားလာမှုအတွက် အမြန်လမ်းကြောင်း(fast track)စတင်ဖွင့်လှစ်၍ နှစ်နိုင်ငံ လုပ်ငန်းများပြန်လည်လည်ပတ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တွန်းအားပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း

(၂) တရုတ်-ဂျပန် စားသောက်ကုန်၊လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းပူးပေါင်းဆောင်ရွက်မှုတွင် ဌာနဆိုင်ရာချင်းတွေ့ဆုံဆွေးနွေးရေး ယန္တရား တည်ဆောက်၍ ဆွေးနွေးညှိနှိုင်းမှုများ လျင်မြန်စွာဆောင်ရွက်ကာ ယင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးမြန်ဆန်စွာရရှိရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း

(၃) ရာသီဥတုပြောင်းလဲမှု မူဝါဒညှိနှိုင်းမှု ယန္တရားတည်ဆောက်၍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒညှိနှိုင်းဆွေးနွေးခြင်းနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း

(၄) ၂၀၂၂ ခုနှစ် တရုတ်-ဂျပန် သံတမန်ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မူလ သတ်မှတ်ထားသည့် ယခုနှစ်နှင့် လာမည့်နှစ် ၂ နှစ်တွင် ကျင်းပမည့် “တရုတ်-ဂျပန် ယဉ်ကျေးမှုအားကစား ဖလှယ်မှု တိုးမြှင့်ရေးနှစ်”ကို လာမည့်နှစ်နှင့်၂၀၂၂ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း

(၅) လာမည့်လတွင် တရုတ်-ဂျပန် ပင်လယ်ရေကြောင်းဆိုင်ရာ အဆင့်မြင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကာ နှစ်နိုင်ငံ နိုင်ငံခြားရေးရာဌာနနှင့် ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးဌာနများအကြား ဖလှယ်ဆွေးနွေးမှုများကို အားကောင်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း

(၆) ယခုနှစ်အတွင်း နှစ်နိုင်ငံ ကာကွယ်ရေးဌာနများအကြား ပင်လယ်ရေကြောင်း၊ လေကြောင်း ဆက်သွယ်မှု ယန္တရား တိုက်ရိုက်ဖုန်းဆက်သွယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အန္တရာယ်ထိန်းချုပ်မှုနှင့် အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်ကာလအခြေအနေသစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံနှင့်အတူ ပိုမို ကျယ်ပြန့်သည့်အမြင်၊ ပိုမိုထိရောက်သည့် လှုပ်ရှားမှု၊ ပိုမို ကျယ်ပြန့်သည့် ကဏ္ဍများတွင် ပခုံးချင်းယှက် တာဝန်ယူဆောက်ရွက်သွားလိုကြောင်း၊ တရုတ်-ဂျပန်ဆက်ဆံရေးသည် နိုင်ငံပြည်သူနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းအောင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.