News
မြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက် ဖုံးလွှမ်းနေသော ရေခဲများကို လုပ်သား ၄၀၀ ဖြင့်ဖယ်ရှားခြင်း
ကျိလင်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့်
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် တွင် ချန်ချွမ်းမြို့နှင့် ဟွမ်ချွမ်းမြို့သို့ဆက်သွယ်ပြေးဆွဲထားသည့် မြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက်တွင် ဖုံးလွှမ်းနေသော ဆီးနှင်းများနှင့် ရေခဲများကို ဖယ်ရှားရန် လုပ်သားပေါင်း ၄၀၀ ခန့် အသုံးပြုဆောင်ရွက်ခဲ့ရသည်။ ၎င်းတို့သည် လျှပ်စစ်ဓါတ်အားလိုင်းများ နှင့် ရထားသံလမ်းတစ်လျှောက် တွင် တွယ်ကပ်နေသည့်ရေခဲများကို ဖယ်ရှားကာ ရထားအစောဆုံး ပြန်လည် ထွက်ရှိနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ် သိရသည်။ (Xinhua)