Connect with us

News

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးက အလွန်ထိရောက်ကောင်းမွန်သောရလဒ် ရှိကြောင်း သိပ္ပံမဂ္ဂဇင်းတွင် ဖော်ပြ

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန် /စုဝင့်

တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးသည် အလွန်ထိရောက်ကောင်းမွန်သောရလဒ်ရှိကြောင်း သိပ္ပံမဂ္ဂဇင်းအင်တာနက်စာမျက်နှာ (Science magazine website) တွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံ China National Pharmaceutical Group (CNPG) မှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို အာရပ်စော်ဘွားများပြည်ထောင်စု UAE တွင် ဇွန်လမှစကာ နိုင်ငံနှင့်ဒေသပေါင်း ၁၂၅ နေရာမှ စေတနာ့ဝန်ထမ်း ၃၁,၀၀၀ ဦးဖြင့် စမ်းသပ်မှု အဆင့် ၃ အထိ ပြုလုပ်နိုင်ခဲ့သည်။
COVID-19 ကာကွယ်ဆေး ၏ စမ်းသပ်မှုအဆင့် ၃ သုတေသနရလဒ်များအရ တရုတ်နိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေးသည် ၈၆ ရာခိုင်နှုန်းထိ အကျိုးသက်ရောက်မှုရှိကြောင်းUAE ကျန်းမာရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရလဒ်များအရ ကာကွယ်ဆေးသည် ခန္ဓာကိုယ် ပဋိပစ္စည်းပြန်လည်တိုးမြင့်မှုအတွက် ၉၉ ရာခိုင်နှုန်းအထိ သက်ရောက်မှု ရှိပြီး ရောဂါ လက္ခဏာ အတန်အသင့် နှင့် ရောဂါ လက္ခဏာ ပြင်းထန်မှုများကို ကာကွယ်ရာတွင် ၁၀၀ ရာခိုင်နှုန်းထိ သက်ရောက်မှုရှိကြောင်းသိရသည်။ ထို့အပြင် ကြီးမားသည့် ဘေးထွက်ဆိုးကျိုး လည်းမရှိဟုဆိုသည်။

သိပ္ပံ မဂ္ဂဇင်းအင်တာနက်စာမျက်နှာက “ကောင်းမွန်ထိရောက်သောရလဒ်ရှိသည့် နောက်ထပ် COVID-19 ကာကွယ်ဆေး၊ တရုတ်နိုင်ငံမှ ထုတ်လုပ်” ဟု ခေါင်းစဉ်တပ်ကာဖော်ပြထားသည်။ ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် ကာကွယ်ဆေးသည် ၅ ခုမြောက် COVID-19 ကာကွယ်ဆေးဖြစ်ပြီး ထိရောက်မှုရှိကြောင်း နှင့် ၎င်းသည် အခြားကုမ္ပဏီများ၏ နည်းပညာများနှင့် လုံးဝ မတူကွဲပြားကြောင်း သိရသည်။“ အကယ်၍ CNPGရဲ့ ကာကွယ်ဆေးဟာ လက္ခဏာပြရောဂါရဲ့ ၁၀၀ ရာခိုင်နှုန်း နဲ့ ကူးစက်မှုတွေကို ၈၆ ရာခိုင်နှုန်းထိ ကာကွယ်ပေးမယ်ဆိုရင် ဒါဟာသိပ်ကို ထိရောက်ကောင်းမွန်တဲ့ကိန်းဂဏန်အချက်အလက်အဖြစ် ရပ်တည်နေမှာပါ”(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.