Connect with us

News

ကွန်တိန်နာဆိပ်ကမ်းတွင်စမ်းသပ်အသုံးပြုနေသည့် မိုးပျံ သယ်ယူပို့ဆောင်ရေးစနစ်

ချင်းသောင်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံ ချင်းသောင်ဆိပ်ကမ်းတွင် ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အဆင့်မြှင့်တင်ရန်ရည်ရွယ်ကာ ကွန်တိန်နာသယ်ယူပို့ဆောင်ရေးစနစ်အသစ်တစ်ခုဖြစ်သည့် မိုးပျံသယ်ယူပို့ဆောင်ရေးစနစ်ကို စတင်စမ်းသပ်အသုံးပြုလျက်ရှိသည်။

ကွန်တိန်နာဆိပ်ကမ်းတွင် မူလက ထရပ်ကားကြီးများဖြင့် ကွန်တိန်နာများကိုသယ်ယူပို့ဆောင်သည့်နေရာတွင် ယခု မိုးပျံသယ်ယူပို့ဆောင်ရေးစနစ်ဖြင့် အစားထိုး သယ်ယူနိုင်ရန် ချင်းသောင်ဆိပ်ကမ်းနှင့် CRRC Yangtze Co.,ltd တို့ ပူးပေါင်း ကာ ဒီဇိုင်းထုတ်လုပ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မိုးပျံသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုခြင်းဖြင့် သယ်ယူပို့ဆောင်ရေး စရိတ် နှင့် အချိန်ကုန်သက်သာစေမည့်အပြင် မော်တော်ယာဉ်များ၏ ကာဘွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးရာရောက်ကြောင်းသိရသည်။
CRRC Yangtze Co., Ltd ကုမ္ပဏီလီမိတက်မှ Wang Hai Teng က “ ကျွန်တော်တို့တွက်ချက်မှုအရဆိုရင် တစ်ကီလိုမီတာမှာ ကီလိုဝပ် နာရီပေါင်း ၃နာရီပဲ အချိန်ကြာမယ် ၊ ကုန်သေတ္တာတင်ပို့မှုပမာဏဟာ ထရပ်ကား သယ်ယူပို့ဆောင်မှုထက် ၃ဆ ၄ ဆ ပိုမို များပြားပါတယ်” ဟုဆိုသည်။

မိုးပျံသယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုလုံး သည် အရှည် ၉.၅ ကီလိုမီတာရှိကြောင်း သိရသည်။၂၀၂၁ ခုနှစ်ဇွန်လတွင် စီမံကိန်းပထမအဆင့်ပြီးစီး မည်ဖြစ်သည်။ စနစ်တစ်ခုလုံးပြီးစီးပါက နှစ်စဉ် ကွန်တိန်နာအလုံးရေပေါင်း ၁.၅ သန်းခန့် သယ်ယူပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.