Connect with us

WORLD

ဥရုဂွေးနိုင်ငံ သမ္မတက CoronaVac ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှု ခံယူ

ဥရုဂွေးနိုင်ငံ သမ္မတ Luis Lacalle Pou က ပထမအကြိမ် CoronaVac ကာကွယ်ဆေး ထိုးနှံမှုခံယူရန် မတ် ၂၉ ရက်တွင် ကာကွယ်ဆေးထိုးနှံသည့် စင်တာသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

မွန်တီဗစ်ဒီအို ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ)

ဥရုဂွေးနိုင်ငံ သမ္မတ Luis Lacalle Pou သည် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဧပြီ ၂၆ ရက်တွင် တရုတ်နိုင်ငံ၏ CoronaVac ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။

မွန်တီဗစ်ဒီအိုမြို့ရှိ Maciel ပြည်သူ့ဆေးရုံ၌ ကာကွယ်ဆေးထိုးနှံပြီးနောက် သမ္မတက တွစ်တာမှတစ်ဆင့် ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား နိုင်ငံအတွက် ဂုဏ်ယူရသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံ သမ္မတ Luis Lacalle Pou သည် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ဥရုဂွေးနိုင်ငံ၌ ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေသော ကာလဖြစ်သည့် မတ်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် သတင်းထောက်များအား သမ္မတ Luis Lacalle က ပြောကြားရာတွင် “စိုးရိမ်စရာအကောင်းဆုံး ဘာလဲဆိုရင် မတ်လကုန်မှာ စာသင်ကျောင်းတွေ ပိတ်သိမ်းခဲ့ရလို့ ကလေးတွေအတွက် စာသင်ကြားခွင့် ဆုံးရှုံးသွားခြင်းပဲ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့ပြီး တာဝန်ရှိသူများက ကျောင်းပိတ်ထားမှုများကို သက်တမ်းတိုးရန် အစီအစဉ် ရှိမရှိ မကြာမီ ကြေညာသွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံ၌ CoronaVac ကာကွယ်ဆေးအား အဓိက အသုံးပြုထားသော ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား မတ် ၁ ရက်တွင် စတင်ခဲ့ပြီး ယခုအထိ လူဦးရေ ၃၂ ရာခိုင်နှုန်းကျော်အား ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရသည်။ဥရုဂွေးနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ COVID-19 လူနာပေါင်း ၁၈၄,၈၆၅ ဦး နှင့် သေဆုံးသူပေါင်း ၂,၃၂၆ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)
Uruguay’s president gets second dose of CoronaVac vaccine
MONTEVIDEO, April 26 (Xinhua) — Uruguayan President Luis Lacalle Pou on Monday received his second dose of China’s CoronaVac vaccine against COVID-19.
After getting the jab at the Maciel public hospital in Montevideo, the president thanked “the team of vaccinators” via Twitter, calling them the “pride of the nation.”
Lacalle received the first dose at the end of March, the worst month of the epidemic in Uruguay.
Speaking to reporters on Monday morning, Lacalle said that “what is most worrying” is “the loss of classes for children” as a result of school closure at the end of March, adding that officials will soon announce whether they plan to prolong the closure.
Uruguay’s immunization plan, which mainly applies CoronaVac vaccines, began on March 1 and has so far vaccinated more than 32 percent of the population.
Since the COVID-19 outbreak on March 13, 2020, Uruguay has registered 184,865 cases and 2,326 deaths. Enditem