Connect with us

WORLD

အီကွေဒေါနိုင်ငံတွင် COVID-19 ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် လူ ၁၇၆ ဦး ဖမ်းဆီးခံရ

အီကွေဒေါနိုင်ငံ ကွီတိုမြို့ရှိ ဆေးရုံတစ်ရုံအနီး နှာခေါင်းစည်းတပ်ဆင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ပျံ့နှံ့မှုကို ဖြတ်တောက်ရန် အသစ်ပြဌာန်းလိုက်သော ညမထွက်ရအမိန့်ကို ချိုးဖောက်သဖြင့် စနေနှင့် တနင်္ဂနွေ ရက်များအတွင်း လူပေါင်း ၁၇၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အစိုးရအဖွဲ့ဝန်ကြီး Gabriel Martinez က ဧပြီ ၂၆ ရက်၌ ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံရှိ ပြည်နယ် ၂၄ ခုအနက် ၁၆ ခုတွင် “ညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့တဲ့အတွက် လူ ၁၇၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း” Martinez က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ဥပဒေအား လိုက်နာရန်ပျက်ကွက်ပါက ထောင်ဒဏ် တစ်နှစ်မှ သုံးနှစ်အထိ အပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရသည်။

ပြစ်ဒဏ်မှာ ပြင်းထန်သော်လည်း တရားခံများအနေဖြင့် ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်ရှိကြောင်း Martinez က ဖြည့်စွက်ပြောခဲ့သည်။၎င်းသတင်းစာရှင်းလင်းပွဲသည် အစိုးရအမိန့်ဖြင့် မေလ ၂၀ ရက်အထိ ပြုလုပ်မည့် လော့ခ်ဒေါင်း (lockdown) ဆောင်ရွက်ချက်၏ ပထမသီတင်းပတ်ရလဒ်များအား အစီရင်ခံရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

လူအချို့ ညမထွက်ရအမိန့်နှင့် လူစုလူဝေးကို တားမြစ်ခြင်းများအား ချိုးဖောက်မှုရှိခဲ့သော်လည်း လော့ခ်ဒေါင်း ဆောင်ရွက်ချက်များမှာ အောင်မြင်မှုရှိကြောင်း Martinez က ပြောခဲ့သည်။အီကွေဒေါနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု အနည်ပြုလူနာ ၃၇၄,၇၇၅ ဦးနှင့် သေဆုံးသူ ၁၃,၁၉၈ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက်၌ ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ (Xinhua)
————————————————-
(English Version)
176 arrested in Ecuador for breaking COVID-19 curfew
Source: Xinhua| 2021-04-27 09:33:37|Editor: huaxia
QUITO, April 26 (Xinhua) — Ecuadorian authorities arrested 176 people over the weekend for violating a newly-imposed nighttime curfew aimed at curbing the spread of the novel coronavirus disease (COVID-19), Government Minister Gabriel Martinez said on Monday.
Some “176 people have been arrested for breaking the curfew” in 16 of the country’s 24 provinces, Martinez said at a press conference.
According to the article, failure to comply with the legitimate decisions of the competent authorities is punishable by one to three years in prison.
Martinez admitted the penalty was harsh, but said defendants had the right to a legitimate defense.
The press conference aimed to report on the results of the first weekend of lockdown measures put in place through May 20, in keeping with a government decree.
Despite the fact that some people violated the curfew and bans on gatherings, lockdown measures have been successful, said Martinez.
According to the latest report from the Ministry of Health on Monday, the country registered 374,775 confirmed cases of COVID-19 infection and 13,198 confirmed deaths from the disease. ■
Security personnel wearing face masks walk past a hospital in Quito, Ecuador, March 17, 2020. (Photo by Santiago Armas/Xinhua)