Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံရှိ Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးအမြောက်အမြားသေဆုံးမှုဖြစ်ပွား

လက်ဘနွန်နိုင်ငံရှိ Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးများသေဆုံးနေသည်ကို ဧပြီ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ်၊မေ ၂ ရက်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ အနောက် Bekaa ဒေသရှိ Qaraoun ရေကန်ကြီး၏ ကမ်းစပ်တွင် မကြာသေးမီက ငါးအမြောက်အမြားသေဆုံးလျက်ရှိရာ ယင်းနေရာ၌ ပိုမိုဆိုးရွားလာသော ပတ်ဝန်းကျင်ညစ်ညမ်းမှုအနေအထားအပေါ် သတိပေးခေါင်းလောင်းထိုးသံ တစ်ခုဖြစ်ကြောင်း သိရသည်။

လက်ဘနွန်နိုင်ငံရှိ  Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးများသေဆုံးမှုဖြစ်ပွားပြီးနောက် ဧပြီ ၃၀ ရက်က အလုပ်သမားများ ရှင်းလင်းနေစဉ်(ဆင်ဟွာ) 

လက်ဘနွန်နိုင်ငံရှိ  Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးများသေဆုံးမှုဖြစ်ပွားပြီးနောက် ဧပြီ ၃၀ ရက်က အလုပ်သမားများ ရှင်းလင်းနေစဉ်(ဆင်ဟွာ) 

လက်ဘနွန်နိုင်ငံရှိ  Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးများသေဆုံးမှုဖြစ်ပွားပြီးနောက် ဧပြီ ၃၀ ရက်က ငါးသေများအား အနီးအနားတွင် မြေမြှုပ်သင်္ဂြိုဟ်နေစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံရှိ  Qaraoun ရေကန်ကြီးတွင် ရေညစ်ညမ်းမှုကြောင့် ငါးများသေဆုံးမှုဖြစ်ပွားပြီးနောက် ဧပြီ ၃၀ ရက်က ငါးသေများအား အနီးအနားတွင် မြေမြှုပ်သင်္ဂြိုဟ်နေစဉ်(ဆင်ဟွာ)

ထိုသို့ ကန်ထဲရှိငါးများ အမြောက်အမြားသေဆုံးမှုဖြစ်ပွားရခြင်းမှာ Qaraoun ရေကန်ကြီးထဲသို့ စီးဝင်လာသည့် Litani မြစ်တစ်လျှောက်တွင် တည်ဆောက်ထားသည့် များစွာသော စက်ရုံအလုပ်ရုံများမှ သန့်စင်ခြင်း မရှိသည့် ရေဆိုးများကြောင့် ဖြစ်ကြောင်း ၊ ယင်းရေကန်ကြီးသည် လက်ဘနွန်နိုင်ငံ၏ အရှည်ဆုံးမြစ်ကြောင်းတစ်ခုပေါ်၌ တူးဖော်ထားသည့် ရေလှောင်တမံအမျိုးအစား လူလုပ် ရေကန်ကြီးတစ်ကန်ဖြစ်ကြောင်း သိရသည်။(Xinhua)
—————————————
(English Version)
Pollution causes massive fish deaths at Lake Qaraoun in Lebanon

BEIRUT, May 2 (Xinhua) — A large number of dead fish have been recently washed ashore at the Lake Qaraoun in West Bekaa, Lebanon, sounding an alarm about the worsening environmental pollution there.
The massive fish deaths are believed to be caused by the untreated water discharged by dozens of factories into the Litani River which leads to Lake Qaraoun, an artificial lake created by a dam on the longest river in Lebanon.

(1)Dead fish caused by water pollution are seen at Lake Qaraoun in west Bekaa, Lebanon, April 30, 2021. (Photo by Taher Abu Hamdan/Xinhua)
(2.3.4) Workers clear dead fish from Lake Qaraoun in west Bekaa, Lebanon, on April 30, 2021. (Photo by Taher Abu Hamdan/Xinhua)
(5.6) Dead fish are collected and buried in a pit near Lake Qaraoun in west Bekaa, Lebanon, April 30, 2021. (Photo by Taher Abu Hamdan/Xinhua)