Connect with us

Africa & Middle East

နှစ်ပေါင်း (၂၀)နီးပါးကြာ စစ်ပွဲအဆုံးသတ်၊ အာဖဂန်ရှိ နောက်ဆုံးအသုတ် အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်း

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ဗုံးပေါက်ကွဲမှု အချင်းဖြစ်နေရာအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်ရှိ နောက်ဆုံးအသုတ် အမေရိကန်တပ်ဖွဲ့ဝင် (၂,၅၀၀)မှ(၃,၅၀၀)ခန့်ကို မေ ၁ ရက်တွင် ရုပ်သိမ်းလိုက်ပြီဖြစ်ရာ နှစ်(၂၀)နီးပါးကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်တော့မည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁ ရက်မတိုင်မီ အမေရိကန်တပ်များ ထုပ်ပိုးသိမ်းဆည်းမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပစ္စည်းများကို စီမံရာတွင် အဓိကအားဖြင့် အမေရိကန်ကို သယ်ယူပို့ဆောင်ခြင်း၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များအား လွှဲပြောင်းပေးခြင်းနှင့် အမှိုက်အဖြစ်ရောင်းချခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအပတ်များအတွင်း တပ်ဘက်က C-17 အကြီးစားကုန်တင်လေယာဉ်ဖြင့် ပစ္စည်အချို့ကို ဆက်တိုက် ပို့ဆောင်မှုများရှိကြောင်း သိရသည်။

ထိုမတိုင်မီ သတင်းများအရ နေတိုးအဖွဲ့ကလည်း အာဖဂန်ရှိ တပ်ဖွဲ့များကို တရားဝင်စတင် ရုပ်သိမ်းနေပြီဖြစ်ကြောင်း နေတိုးအရာရှိတစ်ဦးက ဧပြီ ၂၉ ရက်တွင် အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

အာဖဂန်စစ်ပွဲသည် ၂၀၀၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့ရာ အမေရိကန်တပ်က ယင်းနှစ် နှစ်ကုန်ပိုင်းတွင် တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၁၁ ခုနှစ် မေလတွင် ၉/၁၁ တိုက်ခိုက်မှုကြီးကို စီစဉ်ခဲ့သူ ဘင်လာဒင်ကို ပစ်ခတ်ရှင်းလင်းခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဖဂန်ရှိ အမေရိကန်တပ်များ၏ အဓိက စစ်ရေးလှုပ်ရှားမှုများကို အဆုံးသတ်မည်ဟု အိုဘားမားကြေညာခဲ့ပြီးနောက် အမေရိကန် တပ်များ စတင် ရုပ်သိမ်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ထရမ့်အစိုးရက တာလီဘန်တို့နှင့် သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် မေ ၁ ရက်မတိုင်မီ တပ်အားလုံးရုပ်သိမ်းပေးမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ် ဧပြီတွင် ဘိုင်ဒင်အစိုးရအာဏာရပြီးနောက် အမေရိကန် တပ်ဖွဲ့အားလုံးကို ယခုနှစ် စက်တင်ဘာ ၁၁ ရက်မတိုင်မီ အာဖဂန်မှ ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ ဘော့စတွန်တက္ကသိုလ်၏ “စစ်ပွဲအတွက် ပေးဆပ်ရသည့်တန်ဖိုး” project ကိန်းဂဏန်းများအရ ၂၀၀၁ ခုနှစ်မှစ၍ အာဖဂန်စစ်ပွဲအတွင်း သေဆုံးရသူပေါင်း (၂၄၁,၀၀၀)ခန့်ရှိရာ ၎င်းတို့အနက် အရပ်သား (၇၁,၀၀၀)ကျော် ရှိကြောင်း သိရသည်။

နှစ်ပေါင်း(၂၀) ကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင် (၂,၃၀၀)ကျော်၊ ဗြိတိန် တပ်ဖွဲ့ဝင်(၄၅၀)ကျော်နှင့် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင် ရာနှင့်ချီ အသက်ဆုံးရှုံးခဲ့ရကြောင်း BBC သတင်းဖော်ပြချက်များအရ သိရသည်။ ထို့အပြင် စစ်ပွဲကြောင့် ထိခိုက်ဒဏ်ရာရ မသန်စွမ်းဖြစ်သွားသူ (၂၀,၀၀၀)ကျော် ရှိပြီး မိသားစုပေါင်းများစွာ စစ်ပွဲအတွင် ပြိုကွဲခဲ့ရသည်။ (Xinhua)
#Afghanistan, #U.S., #Withdrawal, #troops, #Xinhua, #အာဖန်, #အမေရိကန်တပ်, #ရုပ်သိမ်း, #ဆင်ဟွာ
—————————————
(Chinese Version)

近20年战争接近尾声 最后一批驻阿富汗美军开始撤离
综合报道,当地时间5月1日,最后一批驻阿富汗美军开始撤离,人数约为2500人至3500人。至此,这场持续了近20年的阿富汗战争也进入了尾声。

据报道,在5月1日之前,美军的打包任务就已经开始。军方一直在就物品的处理方法进行讨论,具体而言有三种处理方法:运回美国、交给阿富汗安全部队、作为垃圾出售。最近几周,军方一直在用大型C-17货运飞机将部分装备运出。
另据此前的报道,4月29日,北约官员证实,北约也已正式开始从阿富汗撤军。
阿富汗战争开始于2001年10月7日,美军在当年底推翻塔利班政权;2011年5月,美军击毙“9•11”事件策划者本•拉登。
2014年12月31日,奥巴马宣布,结束美军在阿富汗的主要作战行动,美军开始逐步撤离;2020年2月,时任特朗普政府与塔利班签署了一项协议,宣布美军在2021年5月1日之前,将全部撤离。不过,撤军时间后来被延长;2021年4月,美国新一任总统拜登上台后,宣布美军将在这一年的9月11日前,全部撤离阿富汗。
美国波士顿大学发起的“战争代价”项目统计,自2001年以来,阿富汗战争已造成约24.1万人死亡,其中平民有7.1万多人。
另据英国广播公司(BBC)报道称,20年来,超过2300名美军士兵、450多名英军士兵和数百名其他国家军队士兵丧生。此外,还有超过2万人因战事伤残,大量家庭在战争中支离破碎。
编辑:张骄瀛

图说1:4月21日在阿富汗首都喀布尔拍摄的爆炸现场。新华社发

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.