Connect with us

Africa & Middle East

(နိုင်ငံတကာသတင်းသုံးသပ်ဆောင်းပါး) အမေရိကန်နိုင်ငံ၏ တာဝန်ယူမှုမရှိစွာ တပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းမှုကြောင့် နိုင်ငံနက်ရှိုင်းစွာနွံနစ်သွားမည်ကို အာဖဂန်စ္စတန်ပြည်သူများ စိုးရိမ်ပူပန်

အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ မေ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နှင့် နေတိုးတပ်ဖွဲ့ဝင်များသည် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံ မှ တရားဝင်စတင်ထွက်ခွာကြမည်ဖြစ်ရာ အစီအစဉ်အရ စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်ဖွဲ့ဝင်များအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံမှ အလုံးစုံ ပြန်လည်ခေါ်ဆောင်သွားတော့မည်ဖြစ်သည်။

၎င်းတပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ရက်နီးကပ်လာသည်နှင့်အမျှ အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်း၌ တိုက်ပွဲများမှာလည်း အဆက်မပြတ်ဖြစ်ပွားလာနေပြီး လုံခြုံရေးအခြေအနေသည် တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာခဲ့သည်။ အာဖဂန်နစ္စန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးအဖွဲ့၏ ဧပြီလ၌ ထုတ်ပြန်ခဲ့သော နောက်ဆုံးစာရင်းပြုစုချက်အရ ယခုနှစ်ပထမရာသီတွင် အာဖဂန်နစ္စတန်နိုင်ငံ၌ သာမန်ပြည်သူ ၅၇၃ ဦး သတ်ဖြတ်ခံရပြီး ၁,၂၁၀ ဦး ဒဏ်ရာရရှိခဲ့ရကြောင်း ၊ ယင်းမှာယခင်နှစ်အလားတူကာလထက် ၂၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီး နှင့် ကလေးငယ် သေဆုံးဒဏ်ရာရရှိမှုသည် ၃၇ နှင့် ၂၃ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်အစိုးရအရာရှိက တာလီဘန်လက်နက်ကိုင်များအနေဖြင့် လတ်တလောရက်ပိုင်းတွင် တိုက်ခိုက်မှုများပိုမိုတိုးမြှင့်ဆောင်ရွက်လာကြောင်း ၊ ဧပြီ ၃၀ ရက်ညပိုင်းတွင် အာဖဂန်နိုင်ငံ အရှေ့ပိုင်း Logar ပြည်နယ်မြို့တော် Pol-e Alam တွင် ကားဗုံးတိုက်ခိုက်မှုဖြစ်ပွားရာ လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုကို မိမိလက်ချက်ဖြစ်သည်ဟု တာလီဘန်လက်နက်ကိုင်အဖွဲ့က ကြေညာခဲ့ကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံသတင်းမီဒီယာ၏ဖော်ပြချက်အရ ှ ဧပြီ ၁၄ ရက်တွင် အမေရိကန်နိုင်ငံက တပ်ဖွဲ့ဝင်များအား ပြန်လည်ခေါ်ဆောင်မည့် အစီအစဉ် ကြေညာခဲ့ပြီးနောက် ဧပြီ ၃၀ ရက်ညပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှုအပြင် တာလီဘန်လက်နက်ကိုင်အဖွဲ့အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ်ပေါင်း ၂၄ ခုတွင် တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာဆောင်ရွက်ခဲ့ရာ အရပ်သားပြည်သူ နှင့် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၂၂၆ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ ဥက္ကဋ္ဌ Abdullah Abdullah က မေလ ၁ ရက်၌ ပြည်ပတပ်ဖွဲ့များ၏ ပြန်လည်ထွက်ခွာမှုသည် အာဖဂန်နစ္စတန်နိုင်ငံအား လွန်စွာကြီးမားသည့် စိန်ခေါ်မှုဖြစ်ပွားစေကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ ၏ နိုင်ငံရေးခေါင်ဆောင်များ နှင့် တာလီဘန်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မဖြစ်မနေစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန် နှင့် နေတိုးတပ်ဖွဲ့တို့ထွက်ခွာသွားပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံသည် ပြင်းထန်သည့် တိုက်ပွဲများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ အမျိုးသားလုံခြုံရေး အကြံပေး Hamdullah Mohib ကလည်း မေ ၁ ရက်၌ အနာဂတ်တွင် တာလီဘန်အဖွဲ့အနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဆောင်ရွက်လာမည်ဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံသား အားလုံးအနေဖြင့် တာလီဘန်အဖွဲ့၏ တိုက်ခိုက်သည့် ပစ်မှတ်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့်အစိုးရအနေဖြင့် ယခင်နှစ် ဖေဖော်ဝါရီလတွင် တာလီဘန်အဖွဲ့ နှင့် သဘောတူညီမှုတစ်ချက်ရရှိခဲ့ပြီး ယခုနှစ် မေ ၁ ရက်မှစတင်၍ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် နှင့် နေတိုး တပ်ဖွဲ့ဝင်များအား အလုံးစုံ ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သော်လည်း ဘိုင်ဒန်အစိုးရ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်တွင် တပ်ဖွဲ့ဝင်များ ပြန်လည်ခေါ်ယူမည့် ရက်ကို ရွှေ့ဆိုင်းခဲ့သည်။ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahid က အမေရိကန် နှင့် နေတိုးတပ်ဖွဲ့အနေဖြင့် မေ ၁ ရက်၌ တပ်ဖွဲ့ဝင်များပြန်လည်ခေါ်ယူခြင်းကို ပြီးစီးအောင်မဆောင်ရွက်ဘဲ သဘောတူညီချက်ကိုချိုးဖောက်ခဲ့သောကြောင့် တာလီဘန်အနေဖြင့် အမေရိကန် နှင့် နေတိုးတပ်ဖွဲ့ကို တိုက်ခိုက်သည့်ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မေလ ၁ ရက်၌ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ နှင့် တာလီဘန်အကြား ငြိမ်ချမ်းရေးဆွေးနွေးမှုကို တက်ကြွစွာဆောင်ရွက်နေသော်လည်း တာလီဘန်ဘက်ကမူ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာဆောင်ရွက်ခြင်းမျိုးမရှိသောကြောင့် နှစ်ဘက်ဆွေးနွေးမှုသည်လုံးဝ ရပ်ဆိုင်းလုနီးပါးဖြစ်လာခဲ့ပြီး မြေပြင်တွင်တိုက်ခိုက်မှုများကမူ ဆက်တိုက်ဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။ အာဖဂန်နစ္စတန်ဆိုင်ရာ နိုင်ငံရေးလေ့လာသုံးသပ်သူ Dr Nishank Motwani က အမေရိကန်တပ်ဖွဲ့ဝင်များ အလုံးစုံထွက်ခွာခဲ့ပြီးနောက်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ငြိမ်ချမ်းရေးဖြစ်တည်လာမည်မဟုတ်ကြောင်း ၊ ထိုအချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ၌ ပြည်တွင်းစစ်ကပိုမိုဆိုးရွားလာမည်ဖြစ်ပြီး တာလီဘန်မှ အာဖဂန်နစ္စတန်တွင် အာဏာပြည်လည်ထိန်းချုပ်သွားနိုင်သည့်အထိလည်း ဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။

စာရင်းပြုစုချက်များအရ အာဖဂန်နစ္စတန်နိုင်ငံတွင် လက်ရှိချိန်၌ ပြည်သူလူထုအားလုံး၏ ၇၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးသည့် အဆင့်အောက်တွင်နေထိုင်နေရပြီး အလုပ်လက်မဲ့မှုသည် ၃၈ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း ၊ ပြည်သူပေါင်း ၁၁ သန်းခန့်က ဒုက္ခသည်အဖြစ်သို့ ရောက်ရှိနေကြပြီး ကလေးငယ်ပေါင်း ၃.၅ သန်းက စာပေသင်ကြားခွင့်မရရှိကြောင်း သိရှိရသည်။ အမေရိကန်တပ်ဖွဲ့၏ အကြမ်းဖက်အဖွဲ့အစည်းအား အမြစ်ပြတ်ခြေမှုန်းနိုင်ခြင်း မရှိသည့်အပြင် အာဖဂန်နစ္စတန်နိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း မဖော်ဆောင်ပေးနိုင်သည့် အခြေအနေအောက်တွင် မျက်နှာလွှဲ၍ ထွက်ခွာခဲ့ခြင်းကြောင့် တိုက်ခိုက်မှုများ အဆက်မပြတ်ဖြစ်ပွားမည့် အနာတရများစွာဖြင့် နက်ရှိုင်းစွာ ပင်ပန်းဆင်းရဲမှုကိုခံစားရမည့် နိုင်ငံတစ်နိုင်ငံ ကျန်ရှိခဲ့တော့မည်ဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်သူတို့၏ ခံစားမှုအား ဆင်ဟွာသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ရာတွင် ပြည်သူများက မိမိ တို့၏ အနာဂတ် လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုများအား ဖွင့်ဟပြောဆိုခဲ့ကြသည်။

အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူတစ်ဦးဖြစ်သည့် ဇာဗူလတ် နီဂျီလာဘီ က အမေရိကန်တပ်ဖွဲ့ နှင့် အခြားပြည်ပတပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားခြင်းသည် လုံးဝတာဝန်ယူမှုမရှိသည့် ဆောင်ရွက်မှုဖြစ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် လက်ရှိချိန်၌ အာဖဂန်နစ္စတန်နိုင်ငံက ခက်ခဲသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး လုံခြုံရေးအခြေအနေမှာလည်း အဆိုးရွားဆုံးအဆင့်သို့ရောက်ရှိနေကြောင်း ၊ ဝေးလံခေါင်းပါးသည့်ဒေသများတွင် မည်သည့် လုံခြုံရေး အာမခံချက်မှမရှိသည့်အပြင် မြို့ကြီးများ၏ လုံခြုံရေးအခြေအနေမှာလည်း လတ်တလောရက်ပိုင်းတွင် ဆိုးရွားလာခဲ့ကြောင်း ၊ မိမိ၏ သဘောထာပြောရမည်ဆိုပါက အမေရိကန် တပ်ဖွဲ့အနေဖြင့် မိမိတို့၏ မျှော်မှန်းချက်လုံးဝအောင်မြင်သည့်အထိ ဆက်လက်၍ နေရာချထားသင့်ကြောင်း ဆင်ဟွာသတင်းဌာနအား ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူတစ်ဦးဖြစ်သည့် မူမင် နိုင်ဘီ ကလည်း အာဖဂန်နစ္စတန်နိုင်ငံ အနာဂတ်နှင့်ပတ်သက်၍ အလွန်အကောင်းမမြင်စွာဖြင့် ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံအပေါ် ပေးအပ်ခဲ့သည့် ကတိအား အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိခဲ့ကြောင်း ၊ အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာခဲ့ပြီးနောက်တွင် အကြမ်းဖက်အဖွဲ့အစည်းက ပိုမိုအင်အားကြီးထွားလာမည့်အပြင် ပြည်တွင်းစစ်ဖြစ်ပွားရန် အလားအလာလွန်စွာကြီးမားကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံ၌ နှစ်ပေါင်း ၂၀ ကြာတည်ဆောက်ခဲ့သည့်အောင်မြင်မှုများက ဖျက်ဆီးခံရမည်ဖြစ်ပြီး လက်ရှိဖြစ်တည်နေပြီးဖြစ်သည့် နိုင်ငံရေးစနစ်မှာလည်း ပြိုလဲသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။ (Xinhua)

 —————————————
(Chinese Version)
(国际)综述:阿富汗民众担心美国不负责任撤军将使阿深陷泥淖

  新华社喀布尔5月2日电综述:阿富汗民众担心美国不负责任撤军将使阿深陷泥淖
  新华社记者史先涛
  美国和北约军队5月1日起正式开始撤离阿富汗,计划在9月11日前撤完。自撤军日期临近以来,阿富汗国内袭击事件不断,安全形势日趋恶化。联合国阿富汗援助团4月发布的最新报告显示,今年第一季度有573名平民被杀、1210人受伤,伤亡人数同比增长29%,其中妇女和儿童的伤亡人数同比分别增长37%和23%。
  阿富汗官员表示,塔利班武装分子近日加剧了袭击活动。4月30日晚,阿东部卢格尔省首府普勒阿拉姆发生汽车炸弹袭击,造成30余人死亡、70余人受伤。该省官员说,塔利班武装制造了此次袭击。
  另据阿富汗媒体黎明新闻网站报道,除4月30日晚的炸弹袭击,自美国4月14日宣布撤军计划以来,塔利班武装在阿富汗24个省制造多次袭击,造成至少226名平民和军事人员死亡。
  阿富汗民族和解高级委员会主席阿卜杜拉5月1日表示,外国军队撤离将给阿富汗带来“巨大挑战”。阿富汗政治领导人在和塔利班和谈时必须保持团结,否则美国和北约军队撤离后,阿富汗将面临激烈的战斗。
  阿富汗总统国家安全顾问哈姆杜拉•穆希卜同日表示,未来塔利班将会增加暴力活动,“每一个阿富汗人都会成为塔利班攻击的目标”。
  美国特朗普政府去年2月曾与塔利班达成协议,承诺今年5月1日前完全撤出驻阿美军和北约军队,但拜登政府上台后推迟了撤军日程。塔利班发言人扎比乌拉•穆贾希德5月1日在推特上发文表示,美国和北约军队没有在5月1日前完成撤离,违反了协议,塔利班将采取行动打击美国和北约军队。
  美国现在虽然极力推进阿富汗政府和塔利班和谈,但是塔利班方面对于和谈态度消极,双方的谈判已陷入停滞,而在战场上的交手却不曾中断。阿富汗政治分析人士尼尚克•莫特瓦尼表示,美军完全撤离后,阿富汗不可能实现和平,内战将会加剧,甚至不排除塔利班在阿富汗重新掌权。
  有统计显示,阿富汗目前有72%的民众生活在贫困线以下,失业率高达38%,约1100万人沦为难民,350万儿童失学。在既没有根除恐怖组织又没有实现阿富汗和平的情况下,美军一走了之,留下的是一个冲突不断、满目疮痍、苦难深重的国度。一些阿富汗民众在采访中,对新华社记者道出了自己对于未来安全形势的担忧。
  扎比乌拉•尼吉拉比说:“美国军队和其他外国军队从阿富汗撤离是一种完全不负责任的行为,因为阿富汗现在处境艰难,安全形势糟糕到了极点,很多偏远地区没有任何安全保障可言,城市中的安全形势最近也在恶化。在我看来,美军应该继续留下来,直到彻底完成使命。”
  穆明•奈布也对阿富汗和平前景很不乐观。他说:“美国并没有履行对阿富汗的承诺。在美军撤离阿富汗后,除了恐怖组织会坐大外,内战也很可能会爆发。阿富汗20年来取得的成就会被毁掉,现有的政治体系可能会瓦解。”(完)
Photo
这是2003年12月16日,驻阿富汗的美军在阿富汗中部的瓦尔达克省巡逻。 新华社记者 王雷 摄