Connect with us

Latin America

အကြမ်းဖက်သမား၏ အိုင်ဖုန်းအား လော့ခ်ဖြည်ရန် နည်းလမ်း Apple အကူအညီ မလိုဘဲ အမေရိကန် တရားရေးဋ္ဌာန အောင်မြင်နိုင်ပြီဟုဆို

Apple ကုမ္ပဏီ တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အကြမ်းဖက်သမား၏ အိုင်ဖုန်း (iPhone) အား လော့ခ်ဖြည် (unlock) ရာတွင် အက်ပဲ (Apple) ကုမ္ပဏီ၏ အကူအညီ မလိုဘဲ အမေရိကန် တရားရေးဋ္ဌာနက မတ်လ ၂၈ ရက်က အောင်မြင်စွာ ကျော်လွှားနိုင်မည့် နည်းလမ်းအား ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန် တရားရေးဋ္ဌာနနှင့် Silicon Valley နည်းပညာ ကုမ္ပဏီတို့သည် တရားရုံးတွင် အမှုကြားနာမည့်နေ့ မတိုင်မီ တစ်ရက်အလို၌ အကြမ်းဖက်သမား အသုံးပြုခဲ့သည့် iPhone 5c အား လော့ခ်ဖြည်နိုင်မည့် နည်းလမ်းသစ်အား တွေ့ရှိခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။ ယင်း iPhone 5c အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က ကယ်လီဖိုးနီးယားရှိ ဆန် ဘာနာဒီနို၌ လူ ၁၄ ဦး သေဆုံးခဲ့သည့် သေနတ်ပစ်ခတ်မှုအား ဇနီးသည် Tashfeen Malik နှင့်အတူကျူးလွန်ခဲ့သော Syed Farook အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးအား ရဲတပ်ဖွဲ့က အသေ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

iPhone ၏ လုံခြုံရေး စနစ်အရ လော့ခ်ဖြည်သည့်အခါ ၁၀ ကြိမ် မအောင်မြင်ခဲ့ပါက ဖုန်းအတွင်းရှိ အချက်အ လက်များအားလုံး ပျက်ဆီးသွားနိုင်သည့် လုံခြုံရေး Feature ထည့်သွင်းရေးဆွဲထားသည်။ ထို့ကြောင့် ယင်း လုံခြုံရေးစနစ်အား ကျော်လွှားရန် အထူးဆော့ဖ်ဝဲ တီထွင်ပေးပြီး အက်ဖ်ဘီအိုင်အား ကူညီရန် အက်ပဲကုမ္ပဏီ အား တရားသူကြီး Sheri Pym က ဖေဖော်ဝါရီလ ၁၆ ရက်တွင် အမိန့်ချခဲ့သည်။

အစောပိုင်း တီဗီ တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တွင် သုံးစွဲသူများ၏ အတွင်းရေးအား ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် အက်ပဲ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ငြင်းဆိုထားပြီး ယင်းအမှုအား ရှိသမျှ နည်းလမ်းများဖြင့် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို အိုင်ဖုန်းမှာ အက်ဖ်ဘီအိုင် စုံထောက်များ လက်ထဲတွင် ရှိနေပြီး အိုင်လော့ခ်ဖြည်သည့် လုပ်ငန်းစဉ်မှာ လုပ်ဆောင်နေ ဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.