Connect with us

Latin America

ဂွာတီမာလာတွင် ဘတ်စ်ကား တစ်စီး ချောက်ထဲ ပြုတ်ကျ၍ ၁၉ ဦး သေဆုံး

ဂွာတီမာလာနိုင်ငံတွင် ချောက်ထဲ ပြုတ်ကျခဲ့သည့် ဘတ်စ်ကားမှ ဒဏ်ရာ ရရှိသူများအား ကယ်ဆယ်နေစဉ် (ဆင်ဟွာ)

ဂွာတီမာလာ စီးတီး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ အနောက်ပိုင်း Ruta Interamericana ဒေသအတွင်း ၁၆၀ ကီလိုမီတာ အကွာရှိ ချောက် တစ်ခုထဲသို့ မတ်လ ၂၈ ရက် က ဘတ်စ်ကား တစ်စီး ပြုတ်ကျခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် နိုင်ငံ အနောက်ပိုင်း Solola မြို့ ၏ Nahuala စည်ပင်သာယာ နယ်မြေ၌ ဖြစ်ပွားခဲ့ပြီး ဘတ်စ်ကား ဒရိုင်ဘာ၏ အရှိန် ပြင်းထန်စွာ မောင်းနှင်မှုကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

တင်ဆောင်နိုင်သည့် ပမာဏထက် ပို၍ ခရီးသည် အယောက် ၈၀ ကျော် တင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားသည် မတ်လ ၂၈ ရက် နံနက် အစောပိုင်းတွင် မက္ကဆီကို နယ်စပ်နှင့် ကပ်နေသည့် San Marcos မြို့ ရှိ Tucana စည်ပင်သာယာ နယ်မြေမှ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ဂွာတီမာလာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Edgar Arana က ဒဏ်ရာရရှိသူ တချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း နှင့် ၎င်းတို့အား Solola အမျိုးသား ဆေးရုံသို့ ပိုဆောင်ထားကြောင်း ဂျာနယ်လစ် များအား ပြောကြားခဲ့သည်။
ဘတ်စ်ကား ဒရိုင်ဘာသည် အရှိန်ပြင်းထန်စွာ မောင်းနှင်လာပြီး အကွေ့တစ်ခုတွင် အရှိန်မထိန်းနိုင်ဘဲ မီတာ ၁၀၀ နက်သည့် ချောက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
အမျိုးသား အရပ်ဖက် ရဲတပ်ဖွဲ့၏ လမ်းစည်းကမ်း ထိန်းသိမ်းရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ Dalia Santos က ဘတ်စ်ကား ဒရိုင်ဘာသည် ဒဏ်ရာ ရရှိသူများထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဂွာတီမာလာ နိုင်ငံတွင် လွန်ခဲ့သည့် ခြောက်နှစ်အတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများကြောင့် စုစုပေါင်း လူ ၁၀,၃၇၅ သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.