Asia
သီရီလင်္ကာ၌ စစ်တန်းလျား မီးလောင်မှုဖြစ် ၁ ဦးသေ ၊ ၄၇ ဦး ဒဏ်ရာရ
ကိုလံဘို ၊ ဇွန် ၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အပြင်ဘက် Kosgama ရှိ စစ်စခန်း တစ်ခု မီးလောင်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး အနည်းဆုံး ၄၇ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း တာဝန်ရှိသူများက ဇွန်လ ၆ ရက်တွင် ပြောကြားသည်။ ဆေးရုံတင်လိုက်ရသော ဒဏ်ရာရသ ူအများစုမှာ ဒဏ်ရာ သေးသေးမွှားမွှားများသာ ဖြစ်ကြောင်း နှင့် ဆေးကုသမှု ခံယူပြီးနောက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုထားကြောင်း သီရိလင်္ကာ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
မီးလောင်မှုသည် ဇွန်လ ၅ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း နှင့် ဇွန်လ ၆ ရက် နံနက် အစောပိုင်းတွင် မီးညွန့်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သီရိလင်္ကာ စစ်တပ်က သတင်းထုတ်ပြန်သည်။ မီးလောင်မှု ဖြစ်ပွားသော စစ်စခန်းအနီး နေထိုင်ကြသည့် ဒေသခံများကို အခင်းဖြစ်ညက ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားရာမှ ယခုအခါ နေရပ်သို့ပြန်ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ပေါက်ကွဲမှု အမျိုးမျိုး ဖြစ်ပွားခဲ့သဖြင့် စခန်းအနီး နေထိုင်ကြသူများကို ရဲတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
သီရိလင်္ကာစစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ်Jayanath Jayaweeera က လက်နက်တိုက်မှ စတင်လောင်ကျွမ်းပြီး စခန်းတစ်ခုလုံးသို့မီးကူးစက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုထာသည်။ ကိုလံဘို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သီရိလင်္ကာ လေတပ်နှင့် ရေတပ်များမှလည်း မီးငြိမ်းသတ်မှုတွင် ပါဝင် ကူညီပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ သီရိလင်္ကာ စစ်ဦးစီးချုပ် Chrishantha de Silva သည် ဇွန်လ ၆ ရက်တွင် အခင်းဖြစ် စစ်စခန်းအား စစ်ဆေးရန် ရောက်ရှိနေကြောင်း နှင့် မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများလည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)