Connect with us

Asia

၂ဝ၁၄ ခုနှစ်တွင် ဒိန်းမတ် အမျိုးသမီးအား အုပ်စုဖွဲ့မုဒိန်း ဝိုင်းကျင့်ခဲ့သူ ၅ ဦးအား ပြစ်မှု ထင်ရှားကြောင်း အိန္ဒိယ တရားရုံး အမိန့်ချမှတ်

မုဒိန်းမှု ကျူးလွန်ကြောင်း စွပ်စွဲခံထားရသူများအား တရားရုံး ထုတ်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့ ရထားလမ်းဘေး တစ်နေရာ၌ ၂ဝ၁၄ ခုနှစ်တွင် အသက် ၅၂ ရွယ် ဒိန်းမတ် အမျိုးသမီးကြီး တစ်ဦးအား အုပ်စုဖွဲ့မုဒိန်းကျင့်မှု နှင့် လုယက်မှု ကျူးလွန်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅ ဦးအား ပြစ်မှု ထင်ရှားကြောင်း အိန္ဒိယ တရားရုံးတစ်ရုံးက ဇွန်လ ၆ ရက်တွင် ဆုံးဖြတ်၍ စွဲချက် တင်လိုက်သည်ဟု တာဝန်ရှိသူများက ပြောသည်။

၎င်း အမိန့်စီရင်ချက်အပေါ် တရားခံ ငါးဦး၏ အယူခံ လျှောက်လွဲချက်ကို ဇွန်လ ၉ ရက်တွင် ကြားနာသွားမည် ဖြစ်ကြောင်း တွဲဖက် ရာဇဝတ် တရားသူကြီး Ramesh Kumar က ဆိုသည်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလက အိန္ဒိယနိုင်ငံသို့အလည်အပတ် ရောက်နေသည့် အဆိုပါ ဒိန်းမတ် အမျိုးသမီးသည် ၎င်းတည်းခိုရာ ဟိုတယ် အပြန်လမ်းကို မမှတ်မိဘဲ လမ်းပျောက်နေစဉ် နယူးဒေလီ ဘူတာအနီး၌ လူငါးဦး၏ ဓားထောက် အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း နှင့် လုယက်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
မုဒိန်းမှု ကျူးလွန်ကြောင်း စွပ်စွဲခံထားရသူများထဲမှ Shyam Lal သည် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် Tihar အကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သဖြင့် ၎င်းအပေါ် စွဲချက်တင်ထားမှုကို ပယ်ဖျက်ပေးခဲ့သည်။ ၎င်းအမှုတွဲတွင် ပါဝင်သည့် အခြားသုံးဦးကို ကလေးသူငယ်ဆိုင်ရာ တရားရုံး ဘုတ်အဖွဲ့ထံ မတင်မှီ စစ်ဆေးမှု လုပ်ငန်းစဉ်များ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်။ ဘူတာရုံအနီး၌ အမျိုးသမီးကြီးအား မုဒိန်း ကျင့်ခဲ့ကြသူများသည် လေ့လွင့် လူငယ်များ ဖြစ်ကြောင်း နှင့် အမျိုးသမီးအား ပြန်မလွှတ်ပေးမီ နာရီ အတော်ကြာသည် အထိ အုပ်စုဖွဲ့မုဒိန်းကျင့်ခဲ့ကြောင်း နှင့် ၎င်းပစ္စည်းများကိုလည်း လုယက် ယူငင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.