Videos
တရုတ်လဆင်းယာဉ် Jade Rabbit ၏ လုပ်ငန်းစဉ်များ ရပ်ဆိုင်း
ပေကျင်း၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ၂ဝ၁၃ ခုနှစ်တွင် လွှတ်တင်ခဲ့သည့် အာကာသယာဉ် ချန်အဲ ၃ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် Jade Rabbit ၏ လကမ္ဘာတွင် ၎င်း၏ လုပ်ဆောင်မှုများရပ်ဆိုင်းသွားပြီဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံ၏ ပထမဆုံး လဆင်းအာကာသယာဉ် ချန်အဲ ၃ သည် လကမ္ဘာပေါ်တွင် မူလမျှော်မှန်းတွက်ချက် ထားသည့် တာဝန် ထမ်းဆောင်ချိန် ၁၉ လထက် သာလွန်ကာ လပေါင်း ၃၁ လ တိတိ ၎င်း၏ တာဝန်များကို ထမ်းဆောင် ခဲ့ကြောင်း ၊ လကမ္ဘာ တစ်ည လျင် ကမ္ဘာပေါ်၌ ၁၄ ရက်ခန့်သက်တမ်းရှိသည့် ၃၃ ကြိမ်မြောက် လကမ္ဘာ ည ကို ဇူလိုင် ၂၈ ရက်နေ့တွင် ဖြတ်သန်းခဲ့ကြောင်းသိရသည်။
Jade Rabbit အနေဖြင့် ၎င်းယာဉ်၏ သတ်မှတ်ထားသည့် သက်တမ်း ၃ လထက် လပေါင်းများစွာ ပိုမို အလုပ်လုပ်နိုင်ခြင်းကြောင့် ချန်အဲ ၃ သည် သိပ္ပံဆိုင်ရာ အချက်အလက်များစွာကို စုဆောင်းပေးပို့နိုင်ခဲ့ကြောင်း၊ လကမ္ဘာ၏ ဘူမိဗေဒ အလွှာများ ၏ ဓါတ်ပုံများရရှိခြင်းကဲ့သို့ များပြားလှစွာသော စိန်ခေါ်မှုများကို ချန်အဲ ၃ အနေဖြင့် ပြီးမြောက်ခဲ့ကြောင်း သိရသည်။ (Xinhua)