Connect with us

Videos

တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ ကျင်းပ

ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)
တရုတ်ယဉ်ကျေးမှုပြပွဲ နှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှု ဖလှယ်ပွဲ ကို သြဂုတ်လ ၉ရက်နေ့တွင် ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ကျင်းပ ခဲ့သည်။ ယခု ပွဲအား ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် တရုတ်ဘာသာ ဌာန နှင့် မြန်မာနိုင်ငံရောက် တရုတ်ကျောင်းသားသုတေသီများ အသင်းတို့ က ဦးစီး ဆောင်ရွက်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး မှ ကူညီ ထောက်ပံ့ကာ Eastern language and business center(ELBC) နှင့် Fuxing ကွန်ဖြူးရှပ် စာသင်ကျောင်းတို့မှ ကူညီပံ့ပိုးပေး ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယဉ်ကျေးမှုသံမှူး မစ္စတာထျန်ဆန့်ထိန် (Mr.Tian Shanting) နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဒေါ်ရည်ရည်မော် တို့ တက်ရောက် အမှာစကား ပြောကြားခဲ့ကြသည်။ အခမ်းအနား သို့ အခြား ဖိတ်ကြား ထားသည့် ဧည့်သည်တော် များနှင့် ဆရာ/ဆရာမ များလည်း တက်ရောက် ခဲ့ကြသည်။
အခမ်းအနား ပထမပိုင်း တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာန မှ ကျောင်းသား/သူ များ ၊ မြန်မာနိုင်ငံရောက် တရုတ်ကျောင်းသား/သူများ ၊ ELBC နှင့် Fuxing ကွန်ဖြူးရှပ်စာသင်ကျောင်းကျောင်းသူတို့က တရုတ်-မြန်မာနှစ်နိုင်ငံ ရိုးရာဝတ်စုံများ ဝတ်စားဆင်ယင်မှု နှင့် အဆိုအကများဖြင့် ဖျော်ဖြေခဲ့သည်။
အခမ်းအနား ဒုတိယပိုင်းတွင် တရုတ်ရိုးရာယဉ်ကျေးမှုများဖြစ်သည့် တရုတ်လက်ရေးလှရေးခြင်း ၊ တရုတ်အလှ ကြိုးထုံး (China Knott) ပြုလုပ်ခြင်း ၊ တရုတ်စစ်တုရင်ကစားခြင်း ၊ တရုတ်ရိုးရာစက္ကူညှပ်ခြင်း ၊ တရုတ်ရိုးရာ အစားအစာစားသုံးခြင်း နှင့် တရုတ်ရိုးရာယဉ်ကျေးမှု ကစားနည်းတို့ကို ကျောင်းသား/သူများ နှင့် လူငယ်များမှ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.